ဇာတ်ကားများ ရွေးရန်

The Flower and the Empress

2019ဇာတ်ကား78 မိနစ်

ဘုရင်မအုပ်ချုပ်ပြီး အမျိုးသမီးတွေ အာဏာလွှမ်းမိုးထားတဲ့ခေတ်မှာ ဇာတ်လမ်းစပါတယ်။ တတိယမင်းသမီး လန်ရှီဟာ ဘုရင်မကြီး အချစ်ရဆုံးနဲ့ အားအထားရဆုံး သမီးတော်ပါ။ ဒေသတစ်ခုကို စုန်းမနက်ဂိုဏ်းရဲ့ရန်ကနေ ကယ်တင်ပေးရင်း ဒေသခံ ဇာတ်နိမ့်အမျိုးသားတစ်ယောက်ကို သူသတိထားမိသွားတယ်။ အဲဒီနောက် စစ်သူကြီးရာထူးကို အမျိုးသမီးအစား အမျိုးသားတစ်ယောက် တာဝန်ယူရင် ဘယ်လိုနေမလဲလို့ စတွေးမိလာပါတယ်။ တစ်ဖက်မှာလည်း မင်းသမီးကယ်တင်ပေးခဲ့တဲ့ ချောင်ရှန်းက သူ့နောက်ကို လိုက်လာတယ်။ မြင်မြင်ချင်း ချစ်မိတာလား၊ ဒုက္ခရောက်နေချိန်မှာ ကယ်တင်ပေးခဲ့သူမို့ တွယ်တာမိတာလားဆိုတာတော့ မသေချာပါဘူး။ ချောင်ရှန်းဟာ မင်းသမီးစီးလာတဲ့ မြင်းနောက်ကနေ မြို့တော်အထိ တောက်လျှောက် လိုက်သွားပါတယ်။ လေ့ကျင့်ရေးကျောင်းက ရွေးချယ်ခံရတဲ့ အမျိုးသားတွေဟာ မင်းမျိုးနွယ်တွေကို ခစားခွင့်ရတယ်ဆိုတာ သိထားလို့ ကျောင်းဝင်ခွင့်ရဖို့ပါ ကြိုးစားတယ်။ နောက်တော့ တင်းယွမ်လို့ခေါ်တဲ့ ပထမတန်းစားခစားသူအဖြစ် ရွေးချယ်ခံရပြီး သူ့နှလုံးသားထဲက မင်းသမီးကို တွေ့ဖို့ နန်းတော်မှာ ခစားခွင့်ရလာပါတယ်။ နန်းတော်ထဲမှာ သူတို့ တကယ်ပြန်ဆုံကြမလား၊ ဆုံဖြစ်ခဲ့ရင်လည်း အမျိုးသမီးတွေ ကြီးစိုးထားတဲ့လောကမှာ သူတို့အချစ်လမ်းက ဖြောင့်ဖြူးနိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း