The Heroic Trio 2: Executioners
အနုမြူဗုံး ပေါက်ကွဲပြီးနောက် အရာရာ ပျက်စီးနေတဲ့အချိန်မှာ ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ရေအရင်းအမြစ်တွေပါ ညစ်ညမ်းသွားပါတယ်။ သန့်စင်တဲ့ရေ ရှာပေးနိုင်တဲ့ အဖြူရောင်သူရိယအဖွဲ့ကို လူထုက အားပေးထောက်ခံလာကြတဲ့အခါ စစ်တပ်ဘက်မှာ တုန်လှုပ်လာတယ်။ အဲဒီနောက် အဖြူရောင်သူရိယအဖွဲ့ခေါင်းဆောင်ကို လုပ်ကြံလိုက်ကြပြီး သမ္မတကိုလည်း စွမ်းဆောင်ရည်မရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြုတ်ချကာ စစ်အာဏာသိမ်းဖို့ ပြင်ဆင်လာပါတယ်။ ရေသန့်ကိစ္စကြောင့် အဓိကရုဏ်းတွေ ဖြစ်လာပြီး အာဏာအတွက် အသက်ဆုံးရှုံးရသူတွေ များလာချိန်မှာ ဇာတ်လိုက်အမျိုးသမီးသုံးယောက်က ဒီအခြေအနေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ဆက်ပြထားပါတယ်။ မီရှယ်ယို၊ မက်ဂီချောင်နဲ့ အန်နီတာမွိုင်တို့ ပါဝင်တဲ့ The Heroic Trio ရဲ့ ဒုတိယဇာတ်ကားပါ။ ပထမကားမှာ သုံးယောက် ဘယ်လိုဆုံပြီး ပူးပေါင်းမိကြသလဲဆိုတာကို အသားပေးခဲ့ပြီး ဒီတစ်ကားမှာတော့ ပိုခိုင်မာလာတဲ့ သူငယ်ချင်းသံယောဇဉ်နဲ့ တာဝန်ဝတ္တရားတွေကို အလေးပေးထားပါတယ်။ နှစ်ကားဆက်ကြည့်လို့ရသလို တစ်ကားချင်း ခွဲကြည့်လည်း နားလည်နိုင်ပါတယ်။
ဇာတ်လမ်းအကြောင်း