ဇာတ်ကားများ ရွေးရန်

Marmaduke

2022ဇာတ်ကားအမှတ် 5.3/1088 မိနစ်

Marmaduke က ကိုယ်လုံးကြီးသလောက် အဆော့မက်ပြီး ထိန်းရခက်တဲ့ ဂရိတ်ဒိန်းခွေးတစ်ကောင်ပါ။ တစ်နေ့မှာ သခင်ဖြစ်သူ Phil က သူ့ကို ထိန်းမရတော့လို့ အခန်းထဲပိတ်ပြီး အပြစ်ပေးထားလိုက်တယ်။ ဒါပေမဲ့ အခန်းထဲပိတ်ထားရုံနဲ့ Marmaduke ရဲ့ အဆော့သန်မှုက ရပ်မသွားပါဘူး။ အပြင်ဘက်မှာတော့ Phil ရဲ့သားလည်းဖြစ်၊ Marmaduke ရဲ့ သူငယ်ချင်းလည်းဖြစ်တဲ့ Billy ရဲ့ မွေးနေ့ပွဲကို ကျင်းပနေကြတယ်။ အဲဒီအချိန် Marmaduke က အပေါ်ထပ်က သော့ခတ်ထားတဲ့အခန်းထဲကနေ ခုန်ထွက်လာပြီး ပါတီတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ဒီအဖြစ်ကို မှတ်တမ်းတင်ပြီး ဆိုရှယ်မီဒီယာပေါ် တင်လိုက်တဲ့အခါ သူ့ဗီဒီယိုက လူကြည့်များလာခဲ့တယ်။ နောက်ဆုံးတော့ ဒီထိန်းရခက်တဲ့ခွေးကြီးအကြောင်းကို ခြောက်ကြိမ်ဆက် ချန်ပီယံဖြစ်ထားတဲ့ ခွေးလေ့ကျင့်ရေးသမား Guy Hilton ပါ တွေ့သွားပါတယ်။ အဲဒီကနေ Marmaduke အတွက် ဘာတွေပြောင်းလဲလာမလဲ၊ နောက်ထပ် ဘယ်လိုပြဿနာတွေ ရှာဦးမလဲဆိုတာကို Netflix ရဲ့ မိသားစုဟာသ အန်နီမေးရှင်းကားမှာ ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း