ဇာတ်ကားများ ရွေးရန်

Tom and Jerry Cowboy Up!

2022ဇာတ်ကားအမှတ် 6.9/1075 မိနစ်

ဘိုးဘွားပိုင် ဘန်ဆင်မွေးမြူရေးခြံကြီးကို ခရစ်ဒ်ချလီဆိုတဲ့ လူလိမ်တစ်ယောက်က မျက်စိကျနေပါတယ်။ သူက ဘဏ်ဓားပြမှုတွေ၊ စာချုပ်အတုနဲ့ လိမ်လည်မှုတွေကြောင့် အလိုရှိခံနေရသူဖြစ်ပြီး ဘန်ဆင်ခြံပတ်လည်က မြေကွက်တွေကိုလည်း လိမ်လည်ရယူထားပြီးပြီ။ ဒါပေမယ့် ဘန်ဆင်ခြံကိုတော့ ဘယ်လိုပဲ ဝယ်ဖို့ကြိုးစားကြိုးစား မရခဲ့ဘူး။ ဝယ်မရတော့ လုယူဖို့ကြံတဲ့ ခရစ်ဒ်ချလီက ခြံထဲကို ပူးကောင်တွေ အများကြီး မောင်းသွင်းလိုက်တယ်။ ဒီအကြောင်းကို မသိတဲ့ ဘန်ဆင်မိသားစု ပူးကောင်တွေနဲ့ ဒုက္ခရောက်နေချိန်မှာ သူ့လက်ထောက် ကလဲမ်ကို ပြဿနာဖြေရှင်းပေးနိုင်သူအဖြစ် ချဉ်းကပ်ခိုင်းပါတယ်။ တကယ့်ရည်ရွယ်ချက်ကတော့ ခြံပိုင်ဆိုင်ကြောင်း စာချုပ်ကို ရှာပြီး ဖျက်ဆီးပစ်ဖို့ပါ။ အဲဒီအချိန်မှာ မြို့သားကြောင်ကြီး တွမ်က သခင်နဲ့အတူ ဘန်ဆင်ခြံကို အလည်ရောက်လာတယ်။ သူ့ကို ကျွဲလက်ကနေ ကယ်ပေးခဲ့တဲ့ ဂျယ်ရီနဲ့လည်း မိတ်ဆွေဖြစ်သွားပါတယ်။ ဘန်ဆင်မိသားစု ခရီးထွက်သွားတဲ့အခါ ခြံမှာကျန်ခဲ့တဲ့ ကလဲမ်က အစီအစဉ်စတော့တယ်။ ကလဲမ် စာချုပ်ကို ရှာတွေ့သွားမလား၊ တွမ်နဲ့ ဂျယ်ရီကရော အလွဲလွဲအချော်ချော်တွေကြားက ခြံကြီးကို ဘယ်လိုကာကွယ်ကြမလဲဆိုတာ ဟာသနှောပြီး ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း