The Longest Nite
မကာအိုမှာ ဂိုဏ်းနှစ်ဂိုဏ်း အပြိုင်အဆိုင် လှုပ်ရှားနေကြပြီး သူတို့အထက်က လူတစ်ယောက်ကလည်း နှစ်ဖက်စလုံးကို ကြိုးကိုင်ကစားဖို့ လုပ်နေပါတယ်။ တိုနီလျောင် သရုပ်ဆောင်ထားတဲ့ ရဲမှူးကတော့ ဂိုဏ်းတစ်ဂိုဏ်းဘက်ကနေ ပါဝင်ပေးနေတဲ့ အကျင့်ပျက်ရဲတစ်ယောက်ပါ။ အဲဒီဂိုဏ်းက မကောင်းမှုလုပ်တိုင်း သူက ဝင်ရှင်းပေးနေကျ ဖြစ်ပါတယ်။ ဒီတစ်ခါလည်း ကိုယ်နဲ့အဆင်ပြေတဲ့ ဂိုဏ်းဘက်က ဝင်ပါရင်း ဂိုဏ်းနှစ်ဂိုဏ်းကို ကြိုးကိုင်နေသူရဲ့ အကွက်ထဲ သူပါ ရောက်သွားတယ်။ အဲဒီကနေ သူ့ဘဝရဲ့ အဆိုးဆုံးညကို ရင်ဆိုင်ရပါတော့တယ်။ ဇာတ်လမ်းတစ်ခုလုံးက ဒီတစ်ညအတွင်း ဖြစ်ပျက်သမျှကို လိုက်ပြထားတာပါ။ ၁၉၉၈ ခုနှစ် ဟောင်ကောင်အက်ရှင်မှုခင်းရုပ်ရှင်ဖြစ်ပြီး တိုနီလျောင်ချူဝေနဲ့ Sean Lau တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာအဖြစ် Patrick Yau ကို ဖော်ပြထားပြီး Johnnie To နဲ့ Wai Ka-fai တို့က ပူးတွဲထုတ်လုပ်ထားပါတယ်။
ဇာတ်လမ်းအကြောင်း