ဇာတ်ကားများ ရွေးရန်

I Like You More

2023ဇာတ်ကားအမှတ် 4.5/1099 မိနစ်

ဖန့်ခွေအန်းဟာ ရောခ်ဂီတအဖွဲ့တစ်ခုနဲ့အတူ အောင်မြင်ဖို့ ကြိုးစားနေသူပါ။ ဒါပေမယ့် ဂီတအိပ်မက်ကို လက်လျှော့လိုက်ရချိန်မှာပဲ အဖေဖြစ်သူ ဦးနှောက်သွေးကြောပြတ်ပြီး ဆေးရုံရောက်သွားတယ်ဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ ဒီလိုနဲ့ အဖိုးလက်ထက်ကတည်းက အောင်မြင်လာခဲ့တဲ့ စားသောက်ဆိုင်ကို သူမက လွှဲယူရတော့တယ်။ မိသားစုလုပ်ငန်းဆိုပေမယ့် ဟင်းချက်တာကို မြင်ဖူးရုံပဲရှိတဲ့ ဖန့်ခွေအန်းအတွက် ကိုယ်တိုင်ဦးစီးလုပ်ကိုင်ဖို့က မလွယ်ပါဘူး။ အဲဒီအချိန်မှာ သူတို့ဆိုင်မှာ စားပြီး ဝမ်းလျှောသွားတဲ့ ကုန်းပေါင်ဆိုသူကိုလည်း လျော်ကြေးမပေးနိုင်လို့ အိမ်မှာ လက်ခံထားရပါတယ်။ နောက်တော့ ဒီလူကြီးဟာ Michelin စားဖိုမှူးတစ်ယောက်ဖြစ်နေမှန်း သူမ သိလိုက်ရတယ်။ သူတို့နှစ်ယောက် ပူးပေါင်းပြီး ဆိုင်ရဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်ပါ့မလား။ အတူနေရင်း မတည့်ကြတဲ့ သူတို့ကြားမှာလည်း အချစ်က ဘယ်လိုစလာမလဲ။

ဇာတ်လမ်းအကြောင်း