Bait
ကွန်ပျူတာကျွမ်းကျင်သူတစ်ယောက်နဲ့ စက်ယန္တရားကျွမ်းကျင်သူ ဂျက်စတာတို့ ပူးပေါင်းပြီး အစိုးရပိုင် ဒေါ်လာသန်း ၄၀ ကျော်တန်ဖိုးရှိတဲ့ ရွှေတွေကို ဖောက်ထွင်းယူခဲ့ကြပါတယ်။ ဂျက်စတာက သေနတ်မယူဖို့၊ လူမသတ်ဖို့ ကြိုပြောထားပေမယ့် တစ်ဖက်လူက အစောင့်တွေကို သတ်လိုက်တယ်။ အဲဒီနောက် ဂျက်စတာဟာ ရွှေတွေယူပြီး တစ်ယောက်တည်း ထွက်ပြေးသွားကာ တစ်နေရာမှာ ဖွက်ထားပြီး ထောင်ထဲဝင်နေလိုက်ပါတယ်။ ပုဇွန်ခိုးလို့ ဖမ်းခံရတဲ့ အယ်ဗင်ကတော့ ဂျက်စတာနဲ့ ထောင်အခန်းတူ ကျသွားတယ်။ နှလုံးမကောင်းတော့တဲ့ ဂျက်စတာက ရွှေဖွက်ထားတဲ့နေရာကို သူ့ဇနီးအား ပြောပေးဖို့ အယ်ဗင့်ကို မှာခဲ့ပြီး ထောင်ထဲမှာပဲ သေဆုံးသွားပါတယ်။ ဒီတော့ အစိုးရပိုင်ရွှေတွေကို ပြန်ရချင်တဲ့ ဘဏ္ဍာရေးထောက်လှမ်းရေးမှူးနဲ့ ရွှေတွေယူပြေးသွားတဲ့အပေါ် မကျေနပ်ဖြစ်နေတဲ့ ကွန်ပျူတာသမား လူသတ်သမားတို့ရဲ့ အာရုံက အယ်ဗင့်ဆီ ရောက်လာတော့တယ်။ ထောက်လှမ်းရေးမှူးက အယ်ဗင် မသိအောင် သူ့မေးရိုးအောက်မှာ ခြေရာခံစက် ထည့်ပေးပြီး ထောင်က လွှတ်လိုက်ပါတယ်။ အယ်ဗင့်ကို ငါးစာလုပ်ပြီး ပုန်းနေတဲ့ လူသတ်သမားကို ထွက်လာအောင် မျှားဖို့ပါ။ အစိုးရဘက်က သူ့ကိုသုံးပြီး လူဆိုးဖမ်းဖို့ ကြံနေသလို လူသတ်သမားကလည်း သူ့ဆီကနေ ရွှေတွေရဖို့ ကြိုးစားနေတယ်။ Jamie Foxx သရုပ်ဆောင်ထားတဲ့ အယ်ဗင်ကတော့ နှစ်ဖက်ကြား ညပ်နေပြီး ဒီအရှုပ်အထွေးတွေထဲက ဘယ်လိုရုန်းထွက်မလဲဆိုတာ ဟာသတွေနဲ့အတူ ဆက်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း