ဇာတ်ကားများ ရွေးရန်

TEKKEN: Blood Vengeance

2011ဇာတ်ကားအမှတ် 6.8/10100 မိနစ်

ကာဇမ ဂျင်၊ ခဇုယနဲ့ မီရှီမာ ဟဲဟချိတို့ သားအဖ၊ မြေးအဘိုးသုံးယောက်ရဲ့ အားပြိုင်မှုကြားမှာ ဟဲဟချိရဲ့ စမ်းသပ်မှုကနေ အသက်ရှင်ကျန်ခဲ့တဲ့ ကျောင်းသားတစ်ယောက်ဟာ အရေးပါတဲ့သူ ဖြစ်လာပါတယ်။ ဂျင်နဲ့ ခဇုယတို့က ရည်ရွယ်ချက်ကိုယ်စီနဲ့ သူလျှိုတွေ လွှတ်ပြီး အဲဒီကျောင်းသားကို လိုက်ရှာကြတယ်။ ကျိုတိုမြို့က ကျောင်းတစ်ကျောင်းမှာ သူ့ကို ရှာတွေ့ပြီး အနီးကပ်ထောက်လှမ်းကြရာက သူတို့မထင်ထားတဲ့ ကစားပွဲတစ်ခုထဲ ဝင်မိနေကြောင်း သိလာရပါတယ်။ ဒီကျောင်းသားကို သူတို့ဘာကြောင့် လိုချင်ကြတာလဲ၊ နောက်ကွယ်မှာ ဘယ်လိုလှည့်ကွက်တွေ ရှိနေသလဲဆိုတာကို တိုက်ခိုက်ခန်းတွေနဲ့အတူ ဆက်ဖော်ပြသွားပါတယ်။ ၂၀၁၁ ခုနှစ်ထွက် ဒီအက်ရှင်သိပ္ပံစိတ်ကူးယဉ်အန်နီမေးရှင်းဟာ Bandai Namco ရဲ့ Tekken တိုက်ခိုက်ရေးဂိမ်းကို အခြေခံထားတာပါ။ Tekken က Street Fighter နဲ့ KOF တို့လိုပဲ ဂိမ်းတွဲတွေနဲ့ အန်နီမေးရှင်းတွေ ထွက်ရှိထားတဲ့ စီးရီးတစ်ခုဖြစ်ပြီး ဒီဇာတ်ကားမှာတော့ Final Fantasy စတိုင် အန်နီမေးရှင်းပုံစံနဲ့ ပြင်းထန်တဲ့ တိုက်ခိုက်ခန်းတွေကို အသုံးပြုထားပါတယ်။

ဇာတ်လမ်းအကြောင်း