ဇာတ်ကားများ ရွေးရန်

1922 (2017)

2017ဇာတ်ကားအမှတ် 5.9/10102 မိနစ်4K

1922 (2017) IMDb Rating (6.2) / Rotten Tomatoes (91%) Stephen King ရဲ့ ဝတ္ထု​ကို အသက်​သွင်း​ထားတဲ့ Horror​/Drama​ အမျိုး​အစား​ရုပ်ရှင်​ ဖြစ်ပါ​တယ်။ 2017 အောက်​တို​ဘာ​ ၂၀ ရက်​မှာ Netflix​ ကနေ ထုတ်​လွှင့်​ခဲ့ပါတယ်။ The​ Punisher နဲ့ The Mist ရုပ်ရှင်​တွေရဲ့ မင်းသား​ကြီး Thomas Jane က အဓိက​ ပါဝင်​သရုပ်ဆောင်​ထား​ပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ Wilfred James ဆိုတဲ့​ လယ်သမား​တစ်ဦး​ဟာ ဇနီး​ဖြစ်သူ​ Arlette နဲ့ သား​ဖြစ်သူ​ Henry တို့​နဲ့အတူ​ နီဘရားစကားပြည်နယ်မှာ နေထိုင်​ပါတယ်။ ဇနီး​ဖြစ်သူ​ Arlette က အမွေရထားတဲ့ လယ်​ဧကတစ်ရာကို ရောင်း​ပြီး မြို့​ပြောင်း​ချင်​ပေမဲ့ James နဲ့ Henry တို့သားအဖကတော့ မပြောင်း​ချင်တဲ့အတွက် စကား​များ​ရန်​ဖြစ်​ကြကာ သား​အဖနှစ်ဦးပေါင်းပြီး Arlette​ ကို အပျောက်​ရှင်း​ပါတော့တယ်။ ဒီကိစ္စ​ ဒီမှာ​တင်ပြီးပြီလို့ James ထင်​ခဲ့မိပေမဲ့ နောက်​ဆက်​တွဲ​ ခြောက်​ချား​ဖွယ် ဖြစ်​ရပ်​တွေ ဆက်​ဖြစ်​လာ​တဲ့အခါမှာ​ James​ တစ်ယောက်​ ဘယ်​လို​တုံ့ပြန်​မလဲ​ဆိုတာ​ကို ကြည့်​ရှု​ရမှာ​ဖြစ်ပါတယ်။ Stephen King​ ရဲ့ ဝတ္ထု​ဆိုတော့​ Horror​ ရသကို ပေးစွမ်းနိုင်သလို Drama​ နဲ့လည်း ရောထားတဲ့အတွက် ဇာတ်​လမ်း​ဇာတ်​အိမ်​လည်း ကောင်း​မွန်​တယ်လို့ သတ်​မှတ်​နိုင်​ပါတယ်​။ ဇနီး​ဖြစ်သူ​ကို အ​ပြတ်​ရှင်း​တဲ့နေရာမှာ သားဖြစ်​သူကို ဆွဲထည့်ခဲ့တဲ့ James​ ရဲ့လုပ်ရပ်ကြောင့် ဘယ်လို​အဖြစ်​မျိုး​တွေ ရင်ဆိုင်​ရမလဲ​ဆိုတာ​ကို စိတ်ဝင်စား​ဖွယ်၊ သနား​ဖွယ်​ ကြည့်​ရှု​ရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wolfenheim မှ တင်ဆက်ထားပါတယ်။) File size…(6.2 GB)/ (1.1 GB ) / (710 MB) Quality….BluRay 4K HEVC/ 1080p HEVC/ 720p Format…mkv/mp4 Duration….01:42:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wolfenheim

ဇာတ်လမ်းအကြောင်း