ဇာတ်ကားများ ရွေးရန်

Dirty Grandpa

2016ဇာတ်ကားအမှတ် 5.9/10102 မိနစ်

Dirty Grandpa (2016) IMDb Rating (5.9) / Rotten Tomatoes (10%) ဒီဟာသကားမှာ De Niroနဲ့ Zac Efron တို့က မြေးအဘိုးအဖြစ် သရုပ်ဆောင်ထားတယ်။ ဇာတ်ကတော့ သူ့နာမည်အတိုင်းပါပဲ တော်တော်ဆိုးတဲ့ ဘိုးဘိုးနဲ့ သူ့မြေးလေးရဲ့ ဆက်ဆံရေးအကြောင်းပေါ့။ Ratingကတော့ ရုပ်ရှင်ထဲ အောက်လုံးတွေ မဟားဒရားများတာကြောင့် အဓိက ထိုးကျနေခဲ့တယ်။ မင်းသမီးနဲ့ မင်းသားကြားက ကာရိုက်တာ Development ဒီလောက်မကောင်းတာကြောင့်လည်းပါမှာပါ။ မာစတာပိစ်ကားတော့မဟုတ်ပေမဲ့ စုတ်ပြတ်သတ်နေတာပဲဆိုတဲ့အချက်ကိုတော့ ကျွန်တော်တော့ လက်မခံနိုင်ဘူး။ ဇာတ်အပိုင်း ပြန်ဆက်ရရင် De Niroရဲ့ ဇာတ်ကောင် အဘိုးကာရိုက်တာက အဘိုးကာရိုက်တာဆိုတာနဲ့ ဆန့်ကျင်နေအောင်ပဲ မတရားညစ်တီးညစ်ပတ်နိုင် ရိုင်းစိုင်းနိုင်လွန်းတယ်။ မိန်းမက ဒီနေ့သေသွားတယ်။ နောက်နေ့ပဲ ကောလိပ်ကျောင်းသူလေးနဲ့ အိပ်ဖို့ ဂွင်လိုက်ဖန်နေတာတို့ ဆေးချလိုက် အောက်လုံးတွေ လှိုင်လှိုင်သုံးလိုက် လုပ်နေတာတို့ ဘာတို့ပေါ့။ နောက် သူက‌ နောက်တစ်ပတ်လက်ထပ်တော့မယ့် သူ့မြေးကို လက်မထပ်ဖြစ်အောင် တားဖို့ အကြံမျိုးစုံ ထုတ်သုံးနေတာရောပေါ့။ ဒါက မဖြစ်သင့်တဲ့ ကိစ္စတွေလို့ ထင်ရပါတယ်။ ဝေဖန်ရေးဆရာတွေကတော့ " ငါတို့ ကမ္ဘာကြီးက ဘာဖြစ်သွားတာလဲ"ဆိုတဲ့ စကားလုံးမျိုးနဲ့ ဝေဖန်ကြတယ်။ ပြန်ထောက်ရရင်တော့ ဒီဇာတ်က ပြချင်တဲ့အရာနဲ့ ပြန်တိုင်းတာရင် De Niroဇာတ်ကောင်က ဘာမှမမှားနေပါဘူး။ ဒီဇာတ်မှာ ဒီအဘိုးကြီးကလွဲ ကျန်တဲ့ ကာရိုက်တာတော်တော်များများက ယဉ်ကျေးသမှုနဲ ဖုံးကွယ်ထားတဲ့ ကမ္ဘာကြီးရဲ့ တစ်ဘက်ခြမ်းမှာချည်းပါပဲ။ ဒီအဘိုးကြီးကတော့ ဒီကမ္ဘာကြီးကို ဒီလိုမြင်ပုံမရပါဘူး။ ဒါကိုလည်း သူ့ကာရိုက်တာမှာ တည်ဆောက်ပြီးသားပါ။ သူ့ကာရိုက်တာ ဗီယက်နမ်စစ်ပွဲမှာ အထူးတပ်က ဝင်ဆော်ခဲ့တဲ့ဘဲပါပဲ။ အရက်စက်ဆုံးကမ္ဘာကြီးကို မြင်လာပြီးတဲ့နောက် ယဉ်ကျေးမှုနဲ့ဖုံးကွယ်ထားတဲ့ ကမ္ဘာကြီးကို ရွံမှာကတော့ ဗေဒင်ပြေးတွက်နေစရာ မလိုဘူး။ နောက် သူက သူ့မြေး မင်္ဂလာပွဲကို ဖျက်ချင်ရတဲ့အကြောင်းရင်း။ သူက သူ့သားအပေါ် သူတာဝန်မကျေခဲ့ဘူးလို့ ခံစားရတယ်။ ဒါက ကျွန်တော်တို့ ပုံမှန်အမြင်တွေနဲ့ ဆန့်ကျင်ဘက်အမြင်မျိုးပဲ။ တကယ်ဆို သူ့သားက လုပ်ငန်းကြီးထောင်ပြီး သိက္ခာရှိတဲ့ ရှေ့နေအဖြစ် ဘဝကို ကောင်းကောင်းကြီး ဖြတ်သန်းနေတယ်။ ဂုဏ်တောင်ယူကြမယ့်ကိစ္စပါ။ ဒါပေမဲ့ သူကတော့ သူ့သား ဘဝက ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာတွေနဲ့ တစ်ဘဝလုံးကုန်သွားတဲ့ သနားစရာ ဘဝကြီးလို့မြင်တယ်။ သူတာဝန်မကျေလို့ သူမပျိုးထောင်နိုင်ခဲ့လို့ ဖြစ်ရပါတယ်ပေါ့။ ဒီတော့ သူ့မြေးကိုတော့ ဒီလိုပဲ သူ့အဖေပေးစားတဲ့သူနဲ့ လက်မထပ်ဖြစ်အောင် ယဉ်ကျေးမှုတွေနဲ့ ဖုံးထားတဲ့ သူ့ကမ္ဘာထဲက အရဆွဲထုတ်ပြီး ကမ္ဘာအစစ်ကြီးမှာ ဖြစ်ချင်တာဖြစ် လုပ်ချင်တာလုပ်ရတဲ့ အရသာကို ပြလိုက်တယ်။ သူ့သီဝရီကတော့ လောကကြီးက ကိုယ့်မျက်ခွက်ကို ပိတ်ထိုးတာကို ရဲရဲသာခံလိုက် ခံပြီးရင် ဘာပဲ ဆက်လုပ်လုပ် ကြောက်စရာမလိုတော့ဘူးဆိုတာမျိုးပဲ။ ဆိုတော့ ဝေဖန်ရေးသမားတွေပြောသလို ငါတို့ကမ္ဘာကြီးက ဘာဖြစ်သွားတာလဲဆိုတဲ့ အပေါက်မျိုးနဲ့ ဒီကားကို ဝေဖန်တာကိုတော့ ကျွန်တော်တော့ လက်မခံပါဘူး။ ကမ္ဘာကြီးကိုက ဒီလိုပါပဲ။ ဒီ၂ခြမ်းလုံးရှိပြီးသား ပဲ။ ဖုံးထားတဲ့ အခြမ်းနဲ့ မဖုံးထားတဲ့အခြမ်းပေါ့။ မဖုံးထားတဲ့အခြမ်းမှာတော့ De Niroလို အဘိုးကြီးတွေရဲ့ စိတ်ထဲမှာလည်း ဒီလိုတဏှာတွေက ရှိနေမှာပါပဲ။ အားလုံးမှာလည်း ရှိတာပါပဲ။ သိက္ခာနဲ့ပညာနဲ့ ထိန်းထားတဲ့ အပိုင်းပဲရှိမယ်။ နည်းနည်းပို အရိုင်းဆန်တဲ့ အသိုင်းအဝိုင်းတွေမှာဆို မြင်ကိုမြင်နေရတဲ့အရာပါပဲ။ ဇာတ်ကတော့ မညံ့လှပေမဲ့ အရမ်းအကောင်းကြီး တည်ဆောက်ထားတာလည်း မဟုတ်ပေမဲ့ ဒီကာရိုက်တာတွေကတော့ သဘောကျစရာကောင်းတယ်။ အဓိကကတော့ De Niroဇာတ်ကောင်ရဲ့ ငါမိဘတာဝန်မကျေခဲ့လို့ ငါ့သား လူလိမ္မာအရေဖုံးကောင်ဖြစ်နေပြီ ဒီကောင့်ဘဝကြီး ပျင်းစရာကြီးဆိုတဲ့ အပိုင်းမျိုးပေါ။ နောက် အဓိကမင်းသမီးဖြစ်တဲ့ Zoey Deutchရဲ့ ပုံစံကလည်း ကျွန်တော်တို့တွေရဲ့ Ideal typeဖြစ်နေတာကိုလည်း သဘောကျတယ်။ နောက် Zac Efronရဲ့ အသံအလန်းကြီးနဲ့ ဆိုသွားတဲ့ ဆီလင်းဒီယွန်ရဲ့ Because You Loved Me ကိုရောပေါ့။ ဟာသကားအနေနဲ့ အောက်လုံးများပေမဲ့ ကာရိုက်တာတွေကောင်းတာကြောင့် တစ်ခါလောက် ကြည့်ကိုကြည့်သင့်တဲ့ကားလို့ မြင်တယ်။ နောက် ဒီကားမှာ လုပ်ချင်တာနဲ့ လုပ်သင့်တာ။ လုပ်ချင်တာနောက်ပဲ လိုက်ဆိုတဲ့ သဘောက အရမ်းကဲပါတယ်။ ကျွန်တော့်အမြင်ကတော့ လုပ်ချင်တာချည်းလုပ်နေတဲ့ ကောင်တွေကိုတော့ လုပ်သင့်တာကို လုပ်ဖို့သက်သက်ပဲ နားချတာကောင်းပါတယ်။ လုပ်ချင်တာကိုတော့ သူတို့ဘာသာလုပ်နေကြဦးမှာမို့ Balanceက မျှသွားပါလိမ့်မယ်။ ဒီကားရဲ့ Conceptကတော့ လုပ်သင့်တာချည်းလုပ်နေတဲ့ လူတွေအတွက်လို့ မြင်တယ်။ လုပ်သင့်တာချည်း လုပ်နေတဲ့လူတွေကို လုပ်ချင်တာလုပ်ဖို့နားချလည်း လုပ်သင့်တာကို သူတို့ဘာသာ လုပ်နေကြဦးမှာမို့ပါပဲ။ အခံဗီဇဆိုတာ ဖျောက်လို့ရတဲ့ အရာမဟုတ်ဘူးကိုး။ File size… (2.8 GB) / (1.1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:50:05 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း