ဇာတ်ကားများ ရွေးရန်

Unlocked

2023ဇာတ်ကားအမှတ် 7.5/10117 မိနစ်

ရုံးဝန်ထမ်းအမျိုးသမီးတစ်ယောက်ဟာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ထည့်ထားတဲ့ဖုန်း ပျောက်သွားခဲ့ပါတယ်။ ဖုန်းကို ပြန်ရလာပေမယ့် အရင်အတိုင်း မဟုတ်တော့ဘဲ တစ်ခုခု ပြောင်းလဲနေတယ်ဆိုတာ သတိထားမိလာတယ်။ အဲဒီပြောင်းလဲမှုတွေနဲ့အတူ သူ့ဘဝလည်း ကမောက်ကမ ဖြစ်လာတော့တာပါ။ ဖုန်းဟက်ခံလိုက်ရတာလား၊ ဘယ်အချိန်က ဖြစ်ခဲ့တာလဲ၊ ဘယ်သူလုပ်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေကြားမှာ သူ ဘယ်ကိုပဲသွားသွား တစ်ယောက်ယောက်က ဖုန်းကနေတစ်ဆင့် စောင့်ကြည့်နေသလို ခံစားနေရပါတယ်။ သူ့ဘဝကို အခုလိုဖြစ်အောင် လုပ်နေသူကို ရှာတွေ့နိုင်ပါ့မလား။ Unlocked ဟာ ၂၀၂၃ ခုနှစ်ထွက် တောင်ကိုရီးယား Netflix သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပြီး Kim Tae-joon ရဲ့ ဒါရိုက်တာပွဲဦးထွက်လက်ရာပါ။ Chun Woo-hee၊ Im Si-wan နဲ့ Kim Hee Won တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း