Ponniyin Selvan: Part I
လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ချိုလာမင်းဆက်ကို အခြေခံထားတဲ့ ဇာတ်လမ်းပါ။ တန်ဂျာဗူးပြည်ကို အုပ်စိုးတဲ့ ဆွန်ဒရချိုဇာမင်းကြီးမှာ သားတော်နှစ်ပါးနဲ့ သမီးတော်တစ်ပါး ရှိပါတယ်။ သားတော်နှစ်ပါးစလုံးက စစ်ရေးမှာ ကျွမ်းကျင်ကြသလို သမီးတော် ကွန်ဒဗေးကလည်း လိမ္မာပါးနပ်ပြီး ဉာဏ်ရှိသူပါ။ သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတက ခြေလျင်တပ်တွေနဲ့အတူ တိုင်းပြည်နယ်နိမိတ် ချဲ့ထွင်ဖို့ စစ်ထွက်နေတယ်။ သားတော်အငယ် အရွန်းမိုဇီကလည်း ရေတပ်သင်္ဘောတွေနဲ့ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေပါတယ်။ သားတော်တွေ အဝေးရောက်နေချိန်မှာပဲ ခမည်းတော်မင်းကြီးက နာမကျန်းဖြစ်ပြီး အိပ်ရာထဲ လဲနေခဲ့တယ်။ မင်းမိသားစု တကွဲတပြားဖြစ်နေတဲ့ ဒီအချိန်မှာ လုပ်ကြံဖို့ ရည်ရွယ်ထားတဲ့ သူလျှိုတွေ တန်ဂျာဗူးပြည်ထဲကို တိတ်တဆိတ် ဝင်ရောက်လာကြပါတယ်။ အန္တရာယ်ကို ရိပ်စားမိတဲ့ မင်းကြီးက သားတော်တွေကို ပြန်ခေါ်နိုင်ပါ့မလား။ သူတို့ရဲ့အသက်တွေ ဆုံးရှုံးရမလား၊ ချိုလာမင်းဆက် ဘယ်လိုဆက်ဖြစ်မလဲဆိုတာ မသေချာတော့ပါဘူး။ ဗစ်ကရမ်၊ ဂျယန်းရဗီ၊ ကာသီ၊ အက်ရှ်ဝါရီယားရိုင်းနဲ့ ထရီရှားတို့ အဓိကပါဝင်ထားပြီး စစ်တိုက်ခန်းတွေနဲ့အတူ ခေတ်ကာလအလိုက် ပြင်ဆင်ထားတဲ့ အပြင်အဆင်တွေကိုလည်း မြင်ရပါတယ်။
ဇာတ်လမ်းအကြောင်း