ဇာတ်ကားများ ရွေးရန်

Soul of Light

2023ဇာတ်ကားအမှတ် 2.0/1075 မိနစ်

ကျင်းယွိမြို့၊ ဟုန်အိမ်တော်က သခင်လေးဟုန်ရိဟာ ငယ်ငယ်ကတည်းက အမေကို ဆုံးရှုံးခဲ့ရပြီး အိမ်တော်သားတွေရဲ့ အနိုင်ကျင့်မှုကို ခံနေရသူပါ။ အမေ့အတွက် မျက်နှာရစေချင်တဲ့စိတ်နဲ့ မြို့တော်မှာ စာမေးပွဲသွားဖြေနိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ စာမေးပွဲမတိုင်ခင်ညမှာ ထူးဆန်းတဲ့ မိန်းကလေးတွေ ရောက်လာပြီး ချွင်ဟူမျိုးနွယ်ဆီမှာ စာသင်ပေးဖို့ သူ့ကို ဖိတ်ခေါ်ကြတယ်။ အဲဒီနောက် အရှုပ်အထွေးတွေကြား ရောက်သွားတဲ့ ဟုန်ရိဟာ လိုက်လံဖမ်းဆီးတာကိုပါ ခံရပါတယ်။ အခက်အခဲတွေကို ဖြတ်သန်းရင်း ကြုံနေရသမျှဟာ သူ့ဘဝအမှန်နဲ့ ဆက်နွယ်နေကြောင်း သိလာတယ်။ သူ့ဘဝရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေတာလဲ၊ ချွင်ဟူမျိုးနွယ်နဲ့ သူ့ကြားမှာရော ဘယ်လိုပတ်သက်မှု ရှိနေတာလဲ။

ဇာတ်လမ်းအကြောင်း