ဇာတ်ကားများ ရွေးရန်

Salaam Venky

2022ဇာတ်ကားအမှတ် 7.8/10131 မိနစ်

မျိုးရိုးဗီဇရောဂါတစ်ခု ခံစားနေရတဲ့ ကောင်လေးတစ်ယောက်ဟာ ဘဝကို လက်မလျှော့ဘဲ ရှေ့ဆက်နေပါတယ်။ ဆရာဝန်တွေကတော့ သူဟာ ဆယ်ကျော်သက်အရွယ်မှာပဲ အသက်ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ပြောထားကြတယ်။ သူ့အမေကလည်း ဒီစကားကြောင့် အားလျှော့မသွားဘဲ သားဖြစ်သူ အသက်ရှည်ရှည်နေရဖို့ တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပေးနေပါတယ်။ သားရဲ့ရောဂါနဲ့အတူ ရင်ဆိုင်နေရတဲ့ အမေတစ်ယောက်အကြောင်းနဲ့ သားအမိကြားက ချစ်ခြင်းမေတ္တာကို ဖော်ပြထားတဲ့ဇာတ်ကားပါ။ ကာဂျိုးက အဓိကနေရာမှာ သရုပ်ဆောင်ထားပြီး Rajeev Khandelwal လည်း ပါဝင်ပါတယ်။ အမီရ်ခန်းကတော့ အထူးဧည့်သည်သရုပ်ဆောင်အဖြစ် ခဏတာ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း