ဇာတ်ကားများ ရွေးရန်

Boonie Bears: Back to Earth

2022ဇာတ်ကားအမှတ် 6.5/1099 မိနစ်

တရှုံနဲ့ အော့ရှုံ ကာတွန်းဇာတ်လမ်းတွဲကို အင်္ဂလိပ်စကားပြောနဲ့ ပြန်တွေ့ရမယ့် ဒီကားမှာ ဝက်ဝံနှစ်ကောင်ကို ဘရမ်ဘဲလ်နဲ့ ဘရိုင်ရာလို့ ခေါ်ထားပါတယ်။ သူတို့နေတဲ့ တောအုပ်ထဲကို တစ်နေ့မှာ ကောင်းကင်ပေါ်က သတ္တုကုဗတုံးတစ်တုံး ကျလာတယ်။ အဲဒီကုဗတုံးရဲ့ ပင်မစွမ်းအားက စိတ်ထားကောင်းပြီး နူးညံ့တဲ့ ဘရမ်ဘဲလ်ရဲ့ ဦးနှောက်နဲ့ ပေါင်းစည်းသွားပါတယ်။ ကုဗတုံးဟာ ရွိုင်တန်လို့ခေါ်တဲ့ ကြောင်မျိုးနွယ်စု စီးလာတဲ့ အာကာသယာဉ်ကို ရှာနိုင်ဖို့ အဓိကသော့ချက် ဖြစ်နေတယ်။ အစားစားဖို့ပဲ စိတ်ရှိတဲ့ ဘရမ်ဘဲလ်ခမျာ အခုတော့ အာကာသယာဉ်အုပ်စုတွေ၊ ဂြိုလ်သားတွေနဲ့ ရင်ဆိုင်ရတော့မှာပါ။ အလွဲတွေနဲ့ ဟာသကြားမှာ ပညာပေးအကြောင်းအရာတွေလည်း ပါပြီး ဘရမ်ဘဲလ်တစ်ယောက် ဒီကိစ္စတွေကြား ဘယ်လိုအခက်တွေ့ဦးမလဲဆိုတာ ဆက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း