ဇာတ်ကားများ ရွေးရန်

The Bear

2022ဇာတ်လမ်းတွဲအမှတ် 8.2/10

The Bear (2022) Season 05 (Complete) IMDb Rating (8.5) / Rotten Tomatoes (93%) ဆုတွေအများကြီးသိမ်းပိုက်ထားပြီး IMDb Rating 8.5 အထိ ရထားတဲ့ လူပြောအများဆုံး စီးရီးကောင်းတစ်ခုဖြစ်တဲ့ "The Bear" လာပါပြီ။ ဇာတ်လမ်းလေးကတော့ အမေရိကန်ရဲ့ ထိပ်တန်း Fine-dining စားသောက်ဆိုင်တွေမှာ အလုပ်လုပ်ခဲ့တဲ့ စားဖိုမှူးလေး Carmen Berzatto (ခေါ်) Carmy တစ်ယောက် သူ့အစ်ကို ရုတ်တရက် ဆုံးသွားပြီးတဲ့နောက် မိသားစုလုပ်ငန်းဖြစ်တဲ့ ချီကာဂိုက ဆန်းဒွစ် (Sandwich) ဆိုင်အစုတ်လေးကို ပြန်ဦးစီးဖို့ ရောက်လာတဲ့အခါမှာ ကြုံတွေ့ရတဲ့ ရုန်းကန်မှုတွေအကြောင်းကို ရိုက်ပြထားတာပါ။ အကြွေးတွေ ပတ်လည်ဝိုင်းနေတဲ့ ဆိုင်လေးကို အဖတ်ဆယ်ဖို့ ကြိုးစားရင်း တစ်ဖက်မှာလည်း ပြဿနာပေါင်းစုံက စောင့်ကြိုနေပါတယ်။ ဆိုင်က ဝန်ထမ်းဟောင်းတွေက သူတို့အစီအစဉ်အတိုင်းပဲ လုပ်ချင်ကြပြီး Carmy လို လူသစ်ချမှတ်တဲ့ စနစ်သစ်တွေကို လက်မခံချင်ကြဘူး။ သူ့ဆုံးဖြတ်ချက်တွေကို မလေးစားတဲ့အပြင်၊ သူ့အစ်ကိုဝမ်းကွဲကပါ သူပြောင်းလဲချင်တာတွေကို ဆန့်ကျင်တော့ ဝန်ထမ်းတွေနဲ့ ဆက်ဆံရေး၊ မိသားစုနဲ့ ဆက်ဆံရေးတွေကြားမှာ သူတော်တော်လေးကို အကြိတ်အနယ် ရုန်းကန်ရပါတော့တယ်။ ဒီကားရဲ့ အကောင်းဆုံးအချက်က စားသောက်ဆိုင် မီးဖိုချောင်ထဲက လူတွေရဲ့ အလေ့အကျင့်တွေ၊ လုပ်ပုံကိုင်ပုံတွေကို အသေးစိတ် ရိုက်ပြထားတာပါပဲ။ တကယ့် မီးဖိုချောင်ထဲ ရောက်နေသလိုမျိုး အော်ဟစ်သံတွေ၊ ဆီပူထိုးသံတွေ၊ အချိန်လုချက်ပြုတ်ရတဲ့ ဖိအားတွေကြားထဲကနေ အသက်ရှူမှားလောက်အောင်ကို ပီပြင်လွန်းပါတယ်။ ဒါ့အပြင် ဟင်းချက်တဲ့ အကြောင်းတင်မကဘဲ မိသားစု ပြဿနာတွေ၊ ချစ်ရသူကို ဆုံးရှုံးလိုက်ရတဲ့ စိတ်ဒဏ်ရာတွေကိုပါ သဘာဝကျကျ ထိထိမိမိ ရိုက်ပြထားလို့ မျက်တောင်မခတ်တမ်း ကြည့်ရမယ့် ကားမျိုးပါ။ Carmy တစ်ယောက် ဆိုင်ကို အောင်မြင်အောင် ဦးဆောင်နိုင်ပါ့မလား... ဝန်ထမ်းတွေနဲ့ရော အဆင်ပြေသွားပါ့မလား... မိသားစုကရော သူလုပ်ချင်တာတွေကို လက်ခံပါ့မလားဆိုတာကို စိတ်ဝင်တစားနဲ့ အပိုင်းတိုင်းကို စောင့်ကြည့်ရမှာမို့ အခုပဲ အအေးလေးတစ်ခွက်၊ မုန့်လေးတစ်ထုပ်ယူပြီး စတင်ကြည့်ရှုလိုက်တော့ဗျာ! File size… (270 MB) / (180 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 00:22:00 Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

46 အပိုင်း၊ season 5 season

ဇာတ်လမ်းအကြောင်း