ဇာတ်ကားများ ရွေးရန်

Pachinko

2022ဇာတ်လမ်းတွဲအမှတ် 8.0/1055 မိနစ်

Pachinko Season 2 (2024) Season 1 မှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး အော်စကာဆုကြီးအပြင် ဆုပေါင်းများစွာရရှိခဲ့တဲ့ ဒီဇာတ်လမ်းလေးက ဒီနေ့မှာတော့ Season 2 ထွက်ရှိလာပါပြီ။ ဒုတိယကမ္ဘာစစ်ကာလကို နောက်ခံယူထားတဲ့ ဒီကားမှာတော့ စစ်ဘေးကြောင့် အသက်အိုးအိမ်ဆုံးရှုံးရပြီး ကိုရီးယားကနေ ဂျပန်ကို ပြောင်းရွှေ့နေထိုင်ကြတဲ့ စစ်ဘေးရှောင်မိသားစုတွေထဲကမှ မိသားစုတစ်စုရဲ့  ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ မျှော်လင့်ချက်တွေကို ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ Season 1 မှာတော့ 1940 ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ ဂျပန်နိုင်ငံထဲမှာ Sun Ja ရဲ့ မိသားစုတွေ အသက်ရှင်ဖို့ ကြိုးစားတာကို ကြည့်ရှုခဲ့ရပြီးတော့ ယခု Season 2 မှာတော့ 1989 ခုနှစ် အချိန်ကာလကို နောက်ခံထားပြီး အလုပ်ဆုံးရှုံးသွားတဲ့ Sun Ja ရဲ့ မြေးဖြစ်သူ Solomon တစ်ယောက် တိုကျိုမြို့မှာ အစစအရာရာကို အသစ်တဖန်ပြန်စဖို့ ကြိုးစားနေပြီး မိသားစုကို အမြဲစိတ်ပူပြီး ကာကွယ်ပေးတတ်တဲ့ အဘွားဖြစ်သူတစ်ယောက် မြေးကိုလိုက်ကာကွယ်ပေးရင်းနဲ့ နိုင်ငံရေးအရှုပ်တော်ပုံတွေထဲ ဘယ်လိုတွေပါဝင်ပတ်သတ်မိမလဲဆိုတာကို ကြည့်ရှူရမှာဖြစ်ပါတယ်။ Season 2 မှာလည်းပဲ မူရင်း cast တွေဖြစ်ကြတဲ့ Lee Min Ho, Kim Min Ha, Youn Yuh-Jung နဲ့ Jin Ha တို့ အဓိကပါဝင်ပြီး အခြားသောဝါရင့်သရုပ်ဆောင်ကြီးများစွာ ပါဝင်အားဖြည့်ထားတဲ့ ဒီကားလေးကိုတော့ CM ကနေ သောကြာနေ့တိုင်း တစ်ပတ် ၁ပိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ အတူကြည့်ရှုလိုက်ကြရအောင်နော်။ (အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။) Aired: Aug 23, 2024 - Oct 11, 2024 Aired On: Friday  Genres: Historical, Drama, Melodrama Episodes: 8 Original Network: Apple TV+ Translated by Miri Thinn, ToeToeAung, Su Sandi & Zuri Htoo Encoded by Tiff

အပိုင်းများ

16 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း