Genius
Genius Tv Series ဟာ ကမ္ဘာမှာပေါ်ထွန်းခဲ့ဖူးတဲ့ ဂန္ဓဝင်ပုဂ္ဂိုလ်ကြီးတွေရဲ့ အကြောင်းကို National Geographic က ရိုက်ထားတဲ့ တီဗီစီးရီးတစ်ခုပါ Season 1 ကတော့ ရူပဗေဒပညာရှင်ကြီး Albert Einstein ရဲ့ ဘဝဇာတ်ကြောင်းပဲ ဖြစ်ပါတယ် 2017မှာ ထွက်ရှိခဲ့တဲ့ ဒီစီးရီးဟာ Walter Issaacson ရေးသားခဲ့တဲ့ Einstein: His Life and Universeဆိုတဲ့ စာအုပ်ကို အခြေခံရိုက်ကူးထားပြီး အော်စကာဆုရ မင်းသားကြီး Geoffrey Rushက အိုင်းစတိုင်းအိုကြီး အဖြစ်သရုပ်ဆောင်ထားပါတယ် ဒီစီးရီးမှာတော့စူးစမ်းလိုစိတ်အပြည့်နဲ့ ဂျူးလူငယ်လေးဘဝက စလို့ သေဆုံးသည်အထိ သူ့ရဲ့ထူးခြားတဲ့ အတွေးအခေါ်တွေ သိပ္ပံအတွက် ကြိုးစားခဲ့တာတွေ ရီလေးတစ်ဗတီကို ဘယ်လိုဖန်တီးနိုင်ခဲ့တယ်ဆိုတာတွေ အနုမြူ ဗုံးဇာတ်လမ်း ဒုတိယ ကမ္ဘာစစ် မတိုင်ခင် နာဇီတွေနဲ့ ဂျူးတွေကြားပြသနာတွေ ဂျူးနိုင်ငံတည်ထောင်ရေးအတွက် ကြိုးပမ်းခဲ့တာတွေ အမေရိကန်ထောက်လှမ်းရေးရဲ့ ရန်ငြိုးထား အရှက်ခွဲဖို့ကြိုးစားခဲ့တာတွေ အနုမြူလက်နက်တားဆီးရေး အတွက် ကမ္ဘာ့အစိုးရဖွဲ့ဖို့ ကြိုးပမ်းခဲ့တာတွေအပြင် သူ့ရဲ့အချစ်ရေးနဲ့ ကွမ်တမ်ရူပဗေဒကို ဆန့်ကျင်တဲ့ အယူအဆတွေ စသည်ဖြင့် သိပ္ပံအကြောင်းတစ်ခုတည်းမဟုတ် ဇာတ်ကြောင်း စုံစုံလင်လင် သမိုင်းအထောက်အထား တိကျစွာနဲ့ ရိုက်ကူးထားပါတယ် သရုပ်ဆောင်တွေလည်း ကောင်းကြပါတယ် နောက်ပြီး အိုင်းစတိုင်းပြောခဲ့တဲ့ မှတ်သားဖွယ်စကားတွေကိုလည်း ဒိုင်ယာလော့တွေအဖြစ် ဝေဝေဆာဆာ ထည့်ထားသေးတဲ့အတွက် ကြည့်သင့်တဲ့ စီးရီးတစ်ခုဖြစ်ပါတယ် .... (စီးရီးမကြည့်ခင် ဒါလေးတွေ သိထားသင့်တယ်ထင်လို့ wikiကရှာထားတာ အမှားပါသွားရင် ခွင်းလွှတ်ပါ) ၂၀ရာစုမှာ ခေတ်သစ်ရူပဗေဒပညာရပ်နဲ့ ခေတ်မီနည်းပညာတွေပေါ်ထွန်းလာဖို့ အဓိကဒေါက်တိုင်ကြီးနှစ်ခုဖြစ်တဲ့ ရီလေးတစ်ဗတီသီဝရီနဲ့ ကွမ်တမ်ရူပဗေဒတို့ ပေါ်ပေါက်လာခဲ့ပါတယ် ရီလေးတစ်ဗတီ (နှိုင်းရသီဝရီလို့လည်း မြန်မာမှုပြုကြတယ်) ကိုတော့ အဲလ်ဘတ် အိုင်းစတိုင်း တစ်ယောက်တည်းက ရှာဖွေတွေ့ရှိခဲ့ပြီး ဒီသီဝရီကို လူသားတွေးခေါ်မှုရဲ့ အမြင့်ဆုံးအပိုင်းလို့တောင် တင်စားခဲ့ကြပါတယ် ကွမ်တမ်ရူပဗေဒကတော့ မက်(စ်) ပလန့် အိုင်းစတိုင်း နေး(လ်)ဘိုဟာ ဟိုင်ဆင်ဘာဂ့် စတဲ့ ရူပဗေဒပညာရှင်များစွာရဲ့ အားထုတ်မှုကြောင့်ပေါ်ပေါက်လာခဲ့ပါတယ် အိုင်းစတိုင်းဟာ ကွမ်တမ်ကို အစပြုခဲ့သူတွေထဲမှာ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်း ကွမ်တမ်သီဝရီတွေကိုတော့ ယုတ္တိမတန်ဘူးဆိုကာ ဆန့်ကျင်ခဲ့ပါတယ် အိုင်းစတိုင်း မတိုင်ခင်အထိ ရူပဗေဒပညာရှင်တွေဟာ စမ်းသပ်ချက်တွေအပေါ် အဓိကအခြေခံတဲ့ Experimental/Pratical Science ကိုသာ အဓိကအလေးထားခဲ့ကြပါတယ် အိုင်းစတိုင်းဟာ သင်္ချာတည်ဆောက်မှုတွေနဲ့ တွေးခေါ်မှုအပေါ် အခြေခံတဲ့ Theoretical Physicsကို တွင်ကျယ်စေခဲ့သူလည်း ဖြစ်ပါတယ် ဒါ့ကြောင့် သူ့သီဝရီတွေကို တင်ပြကာစမှာ စမ်းသပ်ချက်တွေနဲ့ အတည်မပြုနိုင်ခင်အထိ အများစုက စိတ်ကူးယဉ်သက်သက်ပဲလို့ ယူဆကာ လှောင်ပြောင်ပုတ်ခတ်ခဲ့ကြပါတယ် ဂျူးတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်လည်းပါတာပေါ့ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ စမ်းသပ်ချက်တွေနဲ့ အတည်ပြုနိုင်ခဲ့ပါတယ် ယေဘူလျရီလေးတစ်ဗတီကနေ ပေါ်ပေါက်လာတဲ့ ခန့်မှန်းချက်တစ်ခု ဖြစ်တဲ့ ဒြပ်ဆွဲလှိုင်းတွေကို ၂၀၁၅ခုနှစ် LIGOမှာ စတင်တိုင်းတာတွေရှိခဲ့ကြောင်း ၂၀၁၆မှာကြေငြာခဲ့ပါတယ် သိပ်မကြာခင်ကလည်း ရီလေးတစ်ဗတီရဲ့ ဟောကိန်းတစ်ခုဖြစ်တဲ့ တွင်းနက်တစ်ခုကို ပထမဆုံး ဓာတ်ပုံရယူ နိုင်ခဲ့ပြီး အိုင်းစတိုင်းမှန်ကြောင်း ထပ်မံသက်သေပြနိုင်ခဲ့ပါတယ် Translated By : Chanyein Soe Encoded By : XCode Subtitle Fix : Ngatone Myo Ko
အပိုင်းများ
10 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း