ဇာတ်ကားများ ရွေးရန်

The Haunting of Bly Manor

2020ဇာတ်လမ်းတွဲအမှတ် 7.6/10

The Haunting of Bly Manor (2020) (Only on Bioscope) IMDB : 7.4 Rotten Tomatoes : 88% Genre : Horror / Mystery The Haunting of Bly Manor ကတော့ Horror လောကမှာ နာမည်ကြီးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Mike Flanagan ကိုယ်တိုင်ရေး / ကိုယ်တိုင်ရိုက်ထားတဲ့ “The Haunting…” Series ရဲ့ ဒုတိယမြောက် Series ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာထွက်ခဲ့တဲ့ The Haunting of Hill House ဟာ ဝေဖန်သူတွေကြားထဲမှာရော တော်တော်လေး အောင်မြင်ခဲ့ပြီး မဂ္ဂဇင်းတော်တော်များများရဲ့ Top Ten စာရင်းကို တက်လှမ်းခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ခဲ့ပါတယ်။ Rolling Stone Empire Variety Vulture IndieWire တို့မှာ Top 5 Top 10 ဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Bly Manor ကတော့ Hill House ထွက်ပြီး ၂ နှစ်အကြာမှာ ထွက်ခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Hill House က မင်းသား၊ မင်းသမီးတွေတော်တော်များများ ပါဝင်သရုပ်ဆောင်ထားတာကြောင့် ကြည့်ရတာ တမျိုးဆန်းနေမှာပါ။ Bly Manor ဟာ Gothic အမျိုးအစားဖြစ်ပြီး Slow-Burn Series တစ်ခုဖြစ်တာကြောင့် ဇိမ်နဲ့ ကြည့်ရမယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ Hill House က Rating အရရော ကျော်ကြားမှုအရရော Bly Manor ထက်သာတယ်ဆိုပေမဲ့ တချို့ကတော့ Bly Manor ကို ပိုပြီးအကြိုက်တွေ့ကြပါတယ်။ ဘာလို့လဲဆိုတာကိုတော့ နှစ်ခုလုံးကြည့်ပြီး ခံစားကြည့်လိုက်ကြပါ။ The Haunting of Hill House ကိုလည်း Bioscope မှာ တင်ထားပါတယ်ခင်ဗျာ။ ဇာတ်ညွှန်း ဒန်နီကလေတန်ဆိုတာ အင်္ဂလန်မှာ အကြောင်းကြောင်းကြောင့် လာနေထိုင်တဲ့ အမေရိကန်သူလေးဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဝင်းဂရေ့ဗ်မိသားစုှမှ ဟင်နရီ ဝင်းဂရေ့ဗ်က ကလေးထိန်းလိုကြောင်း ကြေညာတစ်ခုကိုတွေ့ပြီး အလုပ်လာလျှောက်ခဲ့ပါတယ်။ ဒန်နီမတိုင်ခင် ကလေးထိန်းကတော့ ကိုယ့်ကိုယ်ကို သ-တ်သေသွားတာဖြစ်ပါတယ်။ ဆိုတော့ အတိုချုံးပြောရရင် ဒန်နီအလုပ်ရသွားခဲ့ပါတယ်။ ဒါပေမဲ့ ဒန်နီထင်ထားသလိုမျိုး မြို့ကြီးမှာလုပ်ရတာမဟုတ်ပဲ ကျေးလက်မှာတည်ရှိတဲ့ ဘလိုင်းဆိုတဲ့ အိမ်ကြီးရခိုင်မှာ သွားလုပ်ရမှာဖြစ်ပါတယ်။ “Horror အလယ်ဗဟိုက ကလေးတွေဖြစ်တယ်” ဆိုတဲ့အတိုင်း အဲဒီမှာ ကလေးနှစ်ယောက်ရှိတယ်။ ဝင်းဂရေ့ဗ်မိသားစုအမွေခံ မိုင်းလ်စ်နဲ့ ဖလော်ရာ… ကလေးနှစ်ယောက်ပဲ ခြောက်တာလား၊ ဒန်နီကပဲ ကြောက်တာလား၊ အိမ်ကြီးကပဲဖောက်တာလား၊ ဒါမှမဟုတ် အိမ်ကြီးဘေးနားက ရေကန်ကြီးကပဲ ညဆို ပုံစံပြောင်းသွားတာလားမသိပေမဲ့ ဒန်နီအတွက် အိမ်ကြီးမှာလုပ်ရတာ ထင်သလိုမဟုတ်ပဲ အခက်အခဲတွေတွေ့လာရပါတော့တယ်။ ဒန်နီကိုယ်တိုင်ကလည်း အတိတ်မှာ မေ့မရတဲ့ စိတ်ဒဏ်ရာတွေကရှိနေတော့ တော်တော်လေးကို အခက်တွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ ဘယ်လိုမျိုးရှေ့ဆက်သွားမှာလဲ။ ကလေးနှစ်ယောက်က ဘာတွေလျှို့ဝှက်ထားတာလဲ၊ အိမ်ကြီးရဲ့ မာယာကဘာလဲ… တကယ်ပဲ ကလေးတွေက လျှို့ဝှက်ထားတာလား၊ ဒန်နီကိုယ်တိုင်ပဲ စိတ်ထင်နေတာလားဆိုတာကိုတော့ အပိုင်း ၉ ပိုင်းနဲ့ ခံစားကြည့်လိုက်ကြပါ။ တစ်ခုသတိပေးချင်တာကတော့ မျက်ရည်ခိုင်ကြပါစေပါပဲ။ File size… 1 GB / 500 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 50m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

9 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း