ဇာတ်ကားများ ရွေးရန်

Never Have I Ever

2020ဇာတ်လမ်းတွဲအမှတ် 8.1/10

Season 01 ကိုဗစ်ကာလမှာ အိမ်တွင်းအောင်းနေမယ့် စီအမ်ဖန်တွေအတွက် netflixက ထုတ်ထားတဲ့ ဆယ်ကျော်သက် ဟာသစီးရီးလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်.... ဇာတ်လမ်းကို ရေးထားတဲ့ စာရေးဆရာမMindy Kalingက သူ့ရဲ့ဆယ်ကျော်သက်ဘဝကို ပြန်လည်ခံစားပြီး လူငယ်ဘဝရဲ့ အလွဲတွေ အချစ်ပေါ် ခံစားချက်တွေကို ပုံဖော်ထားပြီး အရှေ့တိုင်းဆန်ဆန်ဟာသတွေလဲ အတော်လေးပါပါတယ်............ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဒေဗီ​လေးက ကယ်လီဖိုးနီးယားမှာ​ကျောင်းတက်​နေတဲ့ ဆယ်​ကျော်သက်အရွယ် အိန္ဒိယလူမျိုး​မ​လေး​ပေါ့ .....အိန္ဒိယလူမျိုးဖြစ်တဲ့ ဒေဗီ မိဘ​တွေက​တော့ ထုံးစံအတိုင်း အာရှဆန်ဆန် အရှေ့တိုင်း အယူအဆ​တွေရှိကြတယ်ပေါ့နော် ဒေဗီက​တော့ အ​မေရိကန်မှာ​မွေးတဲ့သူဖြစ်လို့ သူ့မိဘ​တွေနဲ့ဆန့်ကျင့်ဖက်​ပေါ့. ဒေဗီဟာ သူ့အ​ဖေဆုံးပြီးတဲ့​နောက်ပိုင်း​ စိတ်အရမ်းထိခိုက်ပြီး အောက်ပိုင်း​သေသွားခဲ့ပါတယ် . ဒါပေမယ့် ​​နွေရာသီပိတ်ရက်မှာ ကျောင်းက သူတစ်ဖက်သက်ကြိုက်ရတဲ့​ ကောင်​လေး​ကြောင့် ရုတ်တရက်လမ်းပြန်​လျှောက်နိုင်ခဲ့တယ်..... သူ့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ​ကျောင်းပြန်ဖွင့်တဲ့အချိန်ကျရင် ရည်းစားရ​အောင်ထားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အတူ သူ့သူငယ်ချင်းင​ပေါမနှစ်​ယောက်နဲ့ သူတို့​ကျောင်းမှာ ပေါ်ပြူလာ ဖြစ်​အောင်​နေမယ်ဆိုပြီး ဆုံးဖြတ်လိုက်ရင်း တလွဲတွေဖြစ်လာတာကို ရိုက်ကူးပြထားတဲ့ လူငယ်တွေအကြိုက် ဟာသစီးရီးတွဲလေးပေါ့ ဒေဗီရဲ့အ​မေ့စတိုင်က မြန်မာနိုင်ငံက မိဘ​တွေ​တော်​တော်များများနဲ့ဆင်နေတော့ ဒီစီးရီးတစ်ခုလုံး ခွီနေရမှာ အသေချာပါပဲ.................... Pyi T Nyein, May Thu Aung, Do Do , Dolly နဲ့ Jerricaတို့မှ ဘာသာပြန်ပေးထားပါပြီး YK မှ တင်ဆက်ပေးလိုက်ပါတယ်........................... Quality : 1080p WEBDL File Size : 350MB Original Network : Netflix Translator : May Thu Aung , Dolly , Pyi T Nyein , Jerrica and Do Do Encoder : YK Season 02 အတွဲ ၂ မှာတော့ ဒေဗီတစ်ယောက် ဘန် နဲ့ ပက်စတန်ကြား ဗျာများရပါတော့တယ်။ ဘန်နဲ့လည်း အနမ်းပေးဖြစ်ခဲ့သလို ပက်စတန်ကလည်း သူ့အပေါ် စိတ်ပြန်လည်လာခဲ့ပါတယ်။ အမေဖြစ်သူက အိန္ဒိယ ပြန်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့ ဒေဗီ ရည်းစားရဖို့ အရေး အပတ်တကုတ် ကြိုးပမ်းပါတော့တယ်။ ရမယ့်ရတော့လည်း ရည်းစားက ၂ ယောက် ဘယ်သူ့ကို ရွေးရမလဲဆိုတဲ့ ရွေးရခက်ကြီးပေါ့ဗျာ နှစ်ယောက်စလုံးကိုလည်း ချစ်တယ် နှစ်ယောက်စလုံးကလည်း ချစ်တယ်ပေါ့ ဒေဗီတစ်ယောက် ဘာလုပ်မလဲ ????? ငါးရံ့နှစ်ကောင် ဖမ်းလိုက်ပါတော့တယ်။ ဘဲနှစ်ဗွေကြား ဗျာများနေမယ့် ဒေဗီလေးကို ဒီအတွဲ ၂ မှာ မြင်ရမှာပဲ ဖြစ်ပါတယ်။ Translated by : August , Jerrica , May Thu Aung , DoDo , Dolly Encoded by : YK File Size : 500MB Per Episode Quality  : 1080p NF WEB-Dl DDP 5.1CH Never Have I Ever Season 3 (အညွှန်း) Devi is back!!! Season 1 နဲ့ 2 မှာ အမျိုးစုံကြိုးခုန်ပြီး တလွဲတွေရော အတည်တွေရောဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ Devi တစ်ယောက် ကျောင်းရဲ့အမိုက်ဆုံးကောင်လေး Paxton နဲ့တွဲဖြစ်ခဲ့ပါတော့တယ်။ ကျောင်းသူဘဝမှာ ရည်းစားရအောင်ထားမယ်ဆိုတဲ့ သူ့ရဲ့မဟာရည်ရွယ်ချက်ကြီးကို စိတ်ကူးထဲက အမိုက်စားကောင်လေးနဲ့အတူ အကောင်အထည်ဖော်နိုင်ခဲ့ပေမယ့် Devi တစ်ယောက် တစ်မျိုးပြောင်းပူပြီး ရတက်မအေးဖြစ်ရပြန်နေရပြန်ပါပြီ။ အကြောင်းအရင်းကတော့ သူ့ရည်းစား Paxton ကြောင့်ပါပဲ။ ကျောင်းရဲ့ စပ်စုစိန်တွေ အတင်းတုပ်တွေရဲ့ စောင်းမြောင်းပြောတာကို ခံနေရတဲ့ကြားထဲကနေ သူ့ရည်းစားနဲ့သူက Healthy relationship ကိုပိုင်ဆိုင်ထားကြောင်း အရမ်းတွေ သက်သေပြချင်နေတဲ့ Devi တစ်ယောက် တစ်နေ့မှာတော့ “Paxton က နင်ထားသလိုလူစားမျိုး မဟုတ်ဘူး” ဆိုတဲ့ ပဟေဠိဆန်ဆန် message ကို ရခဲ့တဲ့အခါမှာ .. Devi တစ်ယောက် ဘာတွေနဲ့ဆက်ရင်ဆိုင်ရဦးမလဲ .. ဒီရည်းစားနဲ့ရော မျှော်မှန်းထားသလိုမြဲပါ့မလား .. ဆယ်ကျော်သက်တွေအကြိုက်ပေါ့ပေါ့ပါးပါး Netflix ကျောင်းသားကားစီးရီးလေးမို့ အပန်းပြေကြည့်ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ File Size – 800MB Quality – 1080p NF WEB RIP Total Episodes: 10 Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy / Drama Translator – Dolly & Lai Laii & Myo Myo Htet & Yoon Sandi Encoder –YK Season 4 File size…(700 MB)/(320 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….0o:30:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by CM Team

အပိုင်းများ

40 အပိုင်း၊ season 4 season

ဇာတ်လမ်းအကြောင်း