ဇာတ်ကားများ ရွေးရန်

Only Friends

2023ဇာတ်လမ်းတွဲအမှတ် 7.9/10

အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေရှိလား????? ထိုင်း BL ထဲမှာ တော်တော်လေး ဟော့တဲ့ စီးရီးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေအကြောင်း တင်ဆက်ထားတဲ့ စီးရီးလေးမို့ မြည်းစမ်းကြည့်သင့်ပါတယ်နော်။ ဒီဇာတ်လမ်းမှာ မြူ၊ ရေး၊ ဘော်စတန် နဲ့ ချီအမ်တို့က Business ကျောင်းသားတွေဖြစ်ပြီး အရမ်းခင်ကြတဲ့ ဘော်ဒါတွေပါ။ သူတို့ဟာ ဘွဲ့စာတမ်းအတွက် အဖွဲ့လိုက် Hostel Project လုပ်နေကြတဲ့သူတွေလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ပရောဂျက်မှာ ကူညီဖို့ ဘော်စတန်က တော့ပ် ဆိုတဲ့သူကို အဖွဲ့ထဲ ခေါ်လာခဲ့ပါတယ်။ အဲဒီမှာပဲ တော့ပ်ဟာ မြူကို စိတ်ဝင်စားသွားပြီး မြူကို ရဖို့ ကြံစည်ပါတော့တယ်။ မြူကတော့ စာကိုပဲ အလေးပေးပြီး သူ့ဘဝမှာ sex တို့ ရည်းစားတို့အတွက် အချိန်မပေးထားတဲ့သူပါ။ တော့ပ်က မြူကို စိတ်ဝင်စားလာတဲ့အပေါ် ဘော်စတန်ကလည်း သဘောမကျနေသလို ရေးကလည်း သဘောမကျနေခဲ့ပါဘူး။ မြူက တကယ်ပဲ တော့ပ်ကို စိတ်ဝင်စားသွားမလား၊ အကြောင်းပြချက်ကိုယ်စီနဲ့ သဘောမကျနေတဲ့ သူငယ်ချင်းနှစ်ယောက်ကရော မြူ့အပေါ် ဘာဆက်ဖြစ်ကြမလဲဆိုတာကတော့ ရင်ခုန်စရာကောင်းနေပါပြီ ဒီဇာတ်လမ်းက သူငယ်ချင်းတွေကြား Friendship နဲ့ Romance လွန်ဆွဲမှုတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စီးရီးတစ်ခုဖြစ်တာမို့ ဆက်ဆက်စောင့်ကြည့်ပေးကြပါဦးနော်။ အညွှန်းကိုတော့ Thada က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Mary, Thada, Kong တို့ပဲ ဖြစ်ပါတယ်။ Genre.....BL, Romance Quality…. 1080p | 720p File size…800MB | 400MB Format… mp4 Duration….40min သူငယ်ချင်း မဟုတ်တဲ့ သူငယ်ဂျင်း (၂၀၂၆) "ပြဇာတ်ထဲမှာတော့ ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်လို့ရပေမယ့်... အပြင်လက်တွေ့မှာကျတော့ နှလုံးသားက ပေးတဲ့ ဇာတ်ညွှန်းကို ဘယ်သူမှ လွန်ဆန်လို့မရဘူးလေ..." GMMTV ကနေ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ အရှုပ်တော်ပုံ Only Friends (2023) ရဲ့ အဆက် (ဒါမှမဟုတ်) ဒုတိယမြောက် Franchise အနေနဲ့ ပူပူနွေးနွေး ထွက်ရှိလာတဲ့ 2026 BL Series သစ်ကြီး "Only Friends: Dream On" ကို BL Fan တွေအတွက် တင်ဆက်ပေးလိုက်ပါပြီ။ ရှေ့ကားတုန်းကလည်း ... Mew, Ray, Boston, Sand, Top, Nick ဆိုတဲ့ သူငယ်ချင်းတစ်သိုက်ကြားက အချစ်၊ သစ္စာဖောက်မှု၊ Friends with Benefits နဲ့ တကယ့်ကို အလွန် ရှုပ်ထွေးပွေလီတဲ့ ဇာတ်လမ်းတွေနဲ့ ပရိသတ်ကို "ဘာတွေဖြစ်ကုန်တာလဲ" ဆိုပြီး ပါးစပ်အဟောင်းသားဖြစ်စေခဲ့တဲ့ ကားဆိုတာ မှတ်မိကြဦးမှာပါ။ အဲဒီတုန်းက စံချိန်တင် ပတ်စားပြီး Messy ဖြစ်ခဲ့တဲ့ Vibe တွေကို အခု ဒုတိယကားမှာလည်း အပြည့်အဝ ပြန်ခံစားရမှာဖြစ်လို့ Trailer ထွက်ကတည်းက ပရိသတ်တွေ အသည်းယားပြီး စောင့်မျှော်နေခဲ့ရတဲ့ ကားဆိုလည်း မမှားပါဘူး။ ဒီတစ်ခါ Cast တွေကတော့ EarthMix, JossGawin, AouBoom ဆိုတဲ့ တွဲဖက်မှုအပြင် ကိုပထမတို့အတွဲကလည်း ပါဝင်အားဖြည့်ထားတဲ့ ရှယ်လန်း cast တွေပွဲထွက်လာတာပါ ဇာတ်လမ်းလေးကတော့... တက္ကသိုလ် အနုပညာဌာနက စီနီယာကျောင်းသားလေး ဂျက် တစ်ယောက် ဂန္တဝင်ပြဇာတ်ကြီး Romeo & Juliet ကို ယောက်ျားလေးနှစ်ယောက် ဇာတ်လမ်း "Romeo & Romeo" အဖြစ် အသစ်ပြန်လည် ပုံဖော်ဖို့ ရည်ရွယ်ပြီး သရုပ်ဆောင်သစ်တွေ ရွေးချယ်ဖို့ Audition ခေါ်ရာကနေ စတင်ပါတယ်။ ပြဇာတ်အတွက် လူရွေးချယ်မှုတွေ လုပ်ရင်းနဲ့ ကျောင်းသား ၆ ယောက်ကြားမှာ ထင်မှတ်မထားတဲ့ ဆက်ဆံရေးတွေ စတင်လာတဲ့အခါမှာတော့... Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 800 MB | 300Mb Format… mp4 Duration…. 45 min Episodes.....12 Episode

အပိုင်းများ

24 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း