ဇာတ်ကားများ ရွေးရန်

Hero Is Back

2024ဇာတ်လမ်းတွဲ

ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးတို့အတွက် မကြာသေးခင်ကမှ ဘာသာပြန်တင်ဆက်ပေးခဲ့တဲ့ “Dashing Youth”လိုမျိုး နာမည်ကြီးကာတွန်းကိုမှ ပြန်လည်သရုပ်ဖော်ရိုက်ကူးထားတဲ့ “Hero Is Back” ဆိုတဲ့ Fantasy ဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ မင်းသားချော Ao Rui Peng နဲ့ မင်းသမီးချောလေး Zhang Yu Xi တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတဲ့အတွက် အားလုံးစောင့်မျှော်ကြည့်ရှုရကျိုးနပ်မယ်လို့ထင်ပါတယ်ရှင့်။ ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်နတ်ဘုရားဝေ့ဝူရဲ့မျိုးဆက်ဖြစ်တဲ့ ချောင်ယန်ပင်းဟာ လော့ရှားလမ်းကို ကျူးကျော်ဝင်ရောက်လာသူတွေရဲ့ပြဿနာကိုဖြေရှင်းရင်းနဲ့ သူ့ရဲ့ပျောက်ဆုံးနေတဲ့အမေနဲ့ပတ်သက်တဲ့သဲလွန်စကို မမျှော်လင့်ဘဲရှာတွေ့ခဲ့တယ်။ အဲဒီလိုနဲ့သူ့အမေကိုကယ်တင်ဖို့ခရီးလမ်းလေးကိုစတင်ခဲ့တယ်။ အဲဒီခရီးလမ်းလေးမှာတော့ သူ့ရဲ့အပေါင်းအပါတွေဖြစ်တဲ့ ဆန်းကြယ်တဲ့ဝိညာဉ်အစောင့်အရှောက်စွမ်းအားကိုပိုင်ဆိုင်ထားတဲ့ ရှလင်နဲ့ ရှေးအခါကဝိညာဉ်စစ်သူကြီးဖြစ်ခဲ့တဲ့ ပေလော့ရှီးမန်တို့နဲ့အတူ မကောင်းတဲ့အင်အားစုတွေကို ယှဉ်ပြိုင်တိုက်ခိုက်ရင်း အခက်အခဲပေါင်းများစွာကိုရင်ဆိုင်ကျော်ဖြတ်ခဲ့တယ်။ မတူညီတဲ့ရည်မှန်းချက်ကိုယ်စီရှိကြတဲ့သူတို့သုံးယောက်ဟာ နောက်ဆုံးမှာတော့ ဆန်းကြယ်ပဟေဠိများစွာရှိနေတဲ့ လူဟွားရှေးဟောင်းမျှော်စင်ရှိတဲ့နေရာကိုရောက်ခဲ့ရှိကြတယ်။ သူတို့သုံးယောက်ဟာ တစ်ဆင့်ချင်းတစ်ဆင့်ချင်းနဲ့ ဒီပဟေဠိကိုဖော်ထုတ်နေချိန်မှာပဲ ထိတ်လန့်စရာကောင်းတဲ့အမှန်တရားတချို့ကိုရှာဖွေတွေ့ရှိခဲ့တယ်။ အဲဒီအမှန်တရားတချို့က သူတို့တစ်ယောက်ချင်းစီရဲ့ကံကြမ္မာနဲ့ပတ်သက်ဆက်နွယ်နေတဲ့အခါမှာတော့... ချောင်ယန်ပင်းဟာ နောက်ဆုံးမှာသူ့အမေကိုရှာတွေ့နိုင်ပါ့မလား? သူတို့ရှာတွေ့ခဲ့တဲ့အမှန်တရားကရောဘာဖြစ်မလဲ? ဆိုတာကိုတော့ အတူတူရင်ခုန်စွာစောင့်မျှော်ကြည့်ရှုလိုက်ရအောင်လားရှင့်~ Quality : WEB-DL 720p, 1080p Total Episodes : 24 Format : mp4 Genres : Action, Adventure, Romance, Fantasy Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Shu Thinzar Encoded by LK

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း