ဇာတ်ကားများ ရွေးရန်

A Very Royal Scandal

2024ဇာတ်လမ်းတွဲအမှတ် 5.9/10

IMDb Rating – 7.2 /10, Rotten Tomatoes 82% ဒီတစ်ခါတင်ဆက်ပေးမယ့် Historical drama ကတော့ ၂၀၁၉ ခုနှစ်မှာ BBC ရဲ့ နာမည်ကျော်ဂျာနယ်လစ် Emily Maitlis က Prince Andrew ရဲ့ scandal နဲ့ပတ်သက်ပြီး သူမရဲ့ နယူးစ်နိုက်ဆိုတဲ့ ပရိုဂရမ်မှာ တော်ဝင်မင်းသားကို ၁ နာရီကြာ အင်တာဗျူးခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။ Mini-series ဖြစ်တဲ့အတွက် အပိုင်း ၃ ပိုင်းပဲပါရှိမှာ ဖြစ်ပြီး ဒီ scandal ဟာဆိုရင် ဘက်ကင်ဟမ်နန်းတော်ဘက်က ကောင်းကောင်းမကိုင်တွယ်လိုက်နိုင်တဲ့ ဒုတိယမြောက် scandal လို့တောင်ခေါ်ဆိုလို့ရပါတယ်။ ပထမမြောက်ကတော့ အားလုံးသိကြတဲ့အတိုင်း မင်းသမီးဒိုင်ယာနာရဲ့ scandal ပါ။ Prince Andrew က ‘ဂီလိန်းမက်စ်ဝဲလ်’ဆိုတဲ့သူငယ်ချင်းကနေတဆင့် အမေရိကန်လူမျိုး မီလျံနာငွေရှင် ‘ဂျက်ဖရီအပ်စတင်း’ဆိုသူနဲ့ ၁၉၉၉ ခုနှစ်မှာ စတင်သိကျွမ်းပြီး ခင်မင်ရင်းနှီးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ အပ်စတင်းက အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာမှောင်ခိုကူးမှုနဲ့ ဖမ်းခံလိုက်ရတဲ့အခါ...... မက်စ်ဝဲလ်နဲ့ အပ်စတင်းတို့က မိတ်ဆက်ပေးခဲ့တဲ့ ‘ဗာဂျီနီယာဂျူဖရေး’ဆိုတဲ့ ၁၇ နှစ်အရွယ်မိန်းကလေးက သူမကို တော်ဝင်မင်းသားက အလိုမတူဘဲ သားမယားပြုကျင့်ခဲ့ပါတယ်ဆိုပြီး မီဒီယာတွေကို ထုတ်ပြောခဲ့တာ အတော်လေးကြာခဲ့ပေမယ့် နန်းတော်ဘက်က တောက်လျှောက်ဆိုသလိုငြင်းဆိုချက်ထုတ်ခဲ့ပေမယ့်..... အပ်စတင်းက အမေရိကန်က ထောင်ထဲမှာပဲ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားပြီးနောက် ဘီဘီစီက အဲ့ဒီသတင်းနောက်ကို လိုက်လာတဲ့အကြောင်း ကြည့်ရှုရမှာပါ။ ဖြစ်ရပ်မှန် Historical Drama တွေကို ကြိုက်နှစ်သက်သူတွေအဖို့ ဒီစီးရီးကလည်း နောက်ထပ် အကြိုက်တွေ့စရာစီးရီးတစ်ခု ဖြစ်လိမ့်မယ်လို့ပဲ ညွှန်းဆိုလိုက်ပါရစေ။ Emily Maitlis အဖြစ် မင်းသမီး Ruth Wilson နဲ့ Prince Andrew နေရာမှာတော့ မင်းသား Michael Sheen တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…(339 MB) Quality…. 720p Format…mp4 Duration….00:52:00 Genre...Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

အပိုင်းများ

3 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း