ဇာတ်ကားများ ရွေးရန်

Riverside Code at Qingming Festival

2024ဇာတ်လမ်းတွဲ

CM Chinese ကနေ C drama lover တွေအတွက် ရေမရောတဲ့ C drama စီးရီးကောင်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးဖို ယူဆောင်လာပါပြီ။ မြောက်ပိုင်းစုန့်မင်းဆက်ခေတ်ကို အခြေတည်ရိုက်ကူးထားတဲ့ တရုတ်ရိုးရာဇာတ်လမ်းတွဲတစ်ပုဒ်ဆိုရင်လဲ မမှားပါဘူး။ တရုတ်သမိုင်းနောက်ခံဇာတ်ကားတွေမှာပါဝင်နေကျဖြစ်တဲ့ မင်းသား ကျန်းစုန့်ဝမ်၊ မင်းသမီး ပိုင်ပိုင်ဟယ်တို က ခေါင်းဆောင်တွေအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ "Riverside Code at Qingming Festival" (ချင်းမင်မှလျှိဝှက်ပုစ္ဆာ) ဆိုတဲ့ C drama ကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျောက်မိသားစုမှာ မိသားစုဝင်ငါးယောက်ရှိပြီး မိသားစုဝင်တိုင်းက သူ့နည်းသူဟန်နဲ့ကွဲထွက်နေကြပါတယ်။ အဲလိုမတူတာတွေကို တူအောင်လိုက်ညှိရင်းနေထိုင်နေကြတဲ့ မိသားစုလေးဟာ Mei Ship (သင်္ဘော မေ့) ဆိုတဲ့ အမှုကိစ္စထဲမှာ တစ်နည်းမဟုတ်တစ်နည်း ပါဝင်ပတ်သက်မိသွားကြပါတော့တယ်။ နဂိုကတည်းက မတူတူတာကို မနည်းညှိနေကြရတဲ့အထဲ ဆန်းကြယ်ပြီးထူးဆန်းတဲ့အမှုကိစ္စထဲကို ပါဝင်သွားတဲ့အခါမှာတော့ မိသားစုဝင်ငါးယောက်လုံးရဲ့မတူညီတဲ့အမူအကျင့်တွေက ထိရှပွန်းပဲ့တာလေးတွေ ဖြစ်လာပါတော့တယ်။ အားလုံးရဲ့ဘဝတွေဟာ ဒရမ်မာဆန်ဆန် တစ်ဆစ်ပြီးတစ်ဆစ်‌ပြောင်းလဲလာပါတော့တယ်။ ဒီလိုလျှိဝှက်ဆန်းကြယ်တဲ့ပုစ္ဆာကို ကျောက်မိသားစုတို ဖြေရှင်းနိုင်ပါ့မလား? အမြဲတမ်းမတူညီခဲ့တဲ့သူတွေက အဆုံးသတ်မှာ ပုစ္ဆာရဲ့အဖြေကိုရဖို ဘယ်လိုတွေပူးပေါင်းစည်းလုံးသွားမှာလဲ။ အမှုကိစ္စကရော သူတိုတွေနဲ့ဘာကြောင့်ပတ်သက်နေရတာလဲဆိုတာကို သိချင်ရင်တော့ CM Chinese နဲ့အတူ ရင်တမမ ကြည့်ရှုအဖြေရှာလိုက်ရအောင်ဗျာ...။ Quality : WEB-DL 1080p, 720p Total Episodes : 26 Format : mp4 Genres : Thriller, Historical, Mystery Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Eris Encoded by LK

အပိုင်းများ

26 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 26 အပိုင်း

ဇာတ်လမ်းအကြောင်း