ဇာတ်ကားများ ရွေးရန်

Good Bad Girl

2022ဇာတ်လမ်းတွဲအမှတ် 7.0/10

Good Bad Girl 2022 6.3/10 IMDb ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့အိန္ဒိယစီးရီးအသစ်လေးတစ်ခုပါ.... လူ့ဘဝဆိုတာ ရှင်သန်ဖို့လွယ်ကူလား ခက်ခဲလား... ခက်ခဲတယ်လို့ပဲလူတိုင်းကပြောကြမှာပါ... ဒါဆိုဟုတ်ပြီ လူ့ဘဝကိုရုန်းကန်ရှင်သန်ဖို့အတွက်ကိုယ်ကလူတွေအကြောင်းကိုနားလည်နေရမယ် ပါးရည်နပ်ရည်ရှိရမယ်... ဒါတင်မဟုတ်သေးပါဘူး...အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီး မီးစင်ကြည့်ကတတ်ရပါတယ်.. ဒါတွေအားလုံးကို ကိုယ်ဖြတ်သန်းရတဲ့ဘဝကပဲသင်ပေးသွားကြတာ ဟုတ်... ? အခုဒီစီးရီးထဲမှာတော့ ရှေ့နေမလေး မာယားအဟူဂျား (Samridhi Dewan) ရဲ့သူ့ဘဝကိုသူဘယ်လိုရှင်သန်အောင် ဉာဏ်သုံးလဲဆိုတာတွေ့ရမှာပါ...သူက သူလိုချင်တာတစ်ခုကို ဘယ်နည်းလမ်းနဲ့မဆို မရ ရအောင်လုပ်တတ်တဲ့သူ။ ကလေးဘဝထဲက အမွှေစိန်မလေး... ကောလိပ်ကျောင်းသူဘဝရောက်တော့လဲ ပိုက်ဆံကိုအိမ်ကသိပ်မတတ်နိုင်လို့သူပိုက်ဆံဘယ်လိုရအောင်ရှာလဲဆိုတာ ဟာသလေးတွေနှောထားလို့ ရယ်မောကြရဦးမှာပါ... ရှေ့နေတစ်ယောက်ဖြစ်လာတော့လဲ ရုံးမှာလုပ်ဖော်ကိုင်ဖက်တွေ..ရှင်းဖို့ခက်တဲ့အမှုတွေကိုသူမရ ရအောင်ဘယ်လိုဖော်ထုတ်လဲဆိုတာတွေကိုတွေ့မြင်ရမှာပါ ဘယ်လိုပဲတစ်ကိုယ်ကောင်းဆန်တယ် မိန်းမဆိုးလေးတစ်ယောက်ပါလို့ပဲသတ်မှတ်သတ်မှတ်သူ့အနေနဲ့တော့ဒါဟာ သူ့ဘဝကိုသူSurviveလုပ်တာပါပဲ။ သူ အခက်အခဲတွေကိုဘယ်လိုဖြေရှင်းလဲ... သူ့ဘဝကိုဘယ်လိုကြိုးစားရှင်သန်လဲ သူလိုချင်တဲ့အရာကိုဘယ်လိုမရရအောင်ယူလဲ ဆိုတာကိုရသစုံအောင်ဖန်တီးရိုက်ကူးထားတာမို့ ပရိသတ်ကြီးကပဲစောင့်မျှော်ကြည့်ရှုပေးကြပါဦး... Quality : 1080p Total Episodes : 9Eps Format : mp4 Genres :Comedy , Drama Duration : 35min Subtitle : Myanmar Subtitle ( Hardsub ) Translated by Taylor ~Go - O ~ Thet Ko ~ OeliuJ Encoded by YK

အပိုင်းများ

9 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း