ဇာတ်ကားများ ရွေးရန်

SHOSHIMIN: How to Become Ordinary

2024ဇာတ်လမ်းတွဲအမှတ် 7.4/10

“သာမန်ဖြစ်အောင် ဘယ်လိုနေကြမလဲ” ဆိုတဲ့အတိုင်းပဲ Kobato ဆိုတဲ့ကောင်လေးနဲ့ Osanai ဆိုတဲ့ ကောင်မလေးဟာအထက်တန်းကျောင်းကို ရောက်လာတဲ့အချိန် သာမန်လူအဖြစ်သာ နေချင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Kobato ဆိုတဲ့ကောင်လေးဟာ စုံထောက်ရှားလော့ဟုမ်းတို့လိုပဲ ကောက်ချက်ချတာ စုံထောက်လုပ်တာ သဲလွန်စရှာတာတွေကို အရမ်းကျွမ်းကျင်ပြီ း သူ့အလိုလို သူများပြဿနာတွေထဲဆိုလည်း ဝင်ဝင်ပါမိတတ်လွန်းသူပါ။ ဒါကြောင့် သူငယ်ချင်းဖြစ်သူ Osanai နဲ့ အထက်တန်းရောက်ရင်တော့ သာမန်လူလိုပဲ အေးအေးဆေးဆေးနေမယ်ဆိုပြီး ကတိလုပ်ထားပေမဲ့လည်း ဝါသနာအလျောက် ထုံးစံအတိုင်း သူများတွေရဲ့ ပြဿနာတွေကို ဝင်ပါဖြေရှင်းရာကနေ တဖြည်းဖြည်း သူတို့အတွက်ပါ ငြိမ်းချမ်းသာယာတဲ့ဘဝလေးကနေ အန္တရာယ်ဖြစ်စေနိုင်တဲ့ထိ ကိစ္စတွေ ကြုံဆုံလာကြတဲ့အချိန်မှာတော့ နှစ်ဦးသား သူတို့ရဲ့ ထူးချွန်တဲ့ဉာဏ်အစွမ်းနဲ့ ဘယ်လိုတွေ ဖြေရှင်းကျော်လွှားသွားကြမလဲဆိုတာ ကြည့်ရမယ့် Mystery အမျိုးအစား Anime စီးရီးလေး ဖြစ်ပါတယ်။ ထုတ်လုပ်ပေးထားတဲ့ Studio ကတော့ အရှေ့မှာ တင်ဆက်ခဲ့ဖူးပြီးသား Mystery စီးရီးတစ်ခုဖြစ်တဲ့ Undead Girl Murder Farce ကို ထုတ်လွှတ်ပေးခဲ့တဲ့ Lapin Track ပဲ ဖြစ်ပါတယ်။ သိတဲ့အတိုင်း စုံထောက်ဆန်ဆန် Mystery အမျိုးအစားဖြစ်လို့ ဇာတ်လမ်းက ဝုန်းဒိုင်းကျဲ တင်ဆက်မထားပဲ အေးဆေးလေးပဲ ဇိမ်ခံ စီးမျောလို့ကောင်းမယ့် အမျိုးအစား ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Anime Team ဖြစ်ပါတယ်)

အပိုင်းများ

22 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း