ဇာတ်ကားများ ရွေးရန်

The Unwanted Undead Adventurer

2024ဇာတ်လမ်းတွဲအမှတ် 7.7/10

The Unwanted Undead Adventurer (2024) My anime list- 7.43/10, IMDb rating -7.3/10 စွန့်စားသူ‌တွေနေထိုင်တဲ့မြို့တစ်မြို့မှာ Rentte ကတော့ ဆယ်နှစ်ကြာအတွေ့အကြုံရှိ စွန့်စားသူဖြစ်ပေမဲ့ ဒုတိယအနိမ့်ဆုံးအဆင့်မှာပဲရှိသူပါ။ စွန့်စားသူအစည်းအရုံးက အဆင့်အလိုက် အလုပ်အမျိူးမျိူးပေးပေမဲ့ တစ်ကိုယ်တည်းလှုပ်ရှားသူဖြစ်တဲ့ Rentte ကတော့တစ်နေ့မှာ လရောင်ပြန်ဝင်္ကပါထဲကို သွားဖို့ဖြစ်လာပါတယ်။ အထဲမှာလျှို့ဝှက်လမ်းတစ်ခုကိုရှာတွေ့ပြီး စူးစမ်းမိရာက ကံမကောင်းစွာနဲ့ပဲ နဂါးတစ်ကောင်သတ်တာခံလိုက်ရပါတယ်။ ဒါပေမဲ့ သူပြန်နိုးထလာတဲ့အခါမှာ undead ဆိုတဲ့ အရိုးစု Rentte ဖြစ်နေပါပြီ။ ဝင်္ကပါထဲက အခြားမွန်းစတားတွေကို သတ်ပြီး တည်ရှိမှုဆင့်ကဲပြောင်းလဲခြင်းဆိုတဲ့ အဆင့်မြင့်မွန်းစတားအဖြစ် ပြောင်းလဲနိုင်တာကိုသိရှိပြီးနောက် မွန်းစတားတွေစတင်နှိမ်နင်းပါတော့တယ်။ နှိမ်နင်းပြီး‌တဲ့နောက်မှာ နာနာဘာဝအဖြစ်အဆင့်မြင့်သွားပြီး Rina ဆိုတဲ့ လူသစ်လေးရဲ့အကူအညီနဲ့ မြို့ထဲကိုပြန်လာနိုင်ခဲ့တယ်။ စာတော်ပြီး အရင်ကလဲစွန့်စားသူဟောင်းဖြစ်တဲ့ မိန်းမလှလေး Lorraine ဆိုသူကတော့ Rentte ရဲ့ငယ်သူငယ်ချင်းလေးပါ။ မြို့ထဲရောက်တာနဲ့ Lorraine ဆီ သွားပြီး အကူအညီတောင်းခံရင်း နှစ်ယောက်သား Rentte ရဲ့ပြဿနာအတွက် အဖြေရှာကြပါတော့တယ်။ Rentteက အမြင့်ဆုံး midthrill အဆင့်စွန့်စားသူဖြစ်ဖို့အိမ်မက်ရှိပြီး undead အဆင့်ကနေ လူနဲ့အတူဆုံး သွေးစုပ်ဖုတ်ကောင်ဖြစ်လာအောင်ကြိုးစားပါတော့တယ်။ သူငယ်ချင်း‌လေးပါပဲဆိုတဲ့ Lorraine ရဲ့အကူအညီနဲ့ တကယ်ပဲ သွေးစုပ်ဖုတ်ကောင်အဆင့်ကိုရောက်နိုင်မလား ဒါမှမဟုတ် စွန့်စားသူအစည်းအရုံးဆီမှာပဲ မိသွားမလား ဒါမှမဟုတ် လူစင်စစ် ပြန်ဖြစ်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းကိုကြည့်ပြီး အဖြေရှာလိုက်ရအောင်... (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Anime Team ဖြစ်ပါတယ်) File size…   300 MB Quality… WEB-DL 1080p Format… mp4 Audio... AAC Duration…. 23m Genre ..... Animation, Action, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Angelia, Alyn & ttmuswe

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း