The Winning Try
The Winning Try (2025) အပိုင်း 1 မှ 12 စ/ဆုံး အားကစားဒရမ်မာ ပရိသတ်တွေအတွက် The Frog ထဲက မင်းသားကြီး Yoon Kye-sang, My Dearest Nemesis ထဲ မင်းသမီး Im Se-mi နဲ့ X1 အဖွဲ့ဝင်ဟောင်း Kim Yo-han တို့ ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း တစ်ချိန်က ကိုရီးယားရက်ဘီအားကစားရဲ့ မျှော်လင့်ချက်ဖြစ်ခဲ့တဲ့ ကြယ်ပွင့်ကစားသမား ဂျူဂါရမ် (Yoon Kye-sang) ဟာ မူးယစ်ဆေးဝါးကိစ္စနဲ့ နာမည်ပျက်ခဲ့ရတာကြောင့် ကစားသမားအဖြစ်က အနားယူလိုက်ရပါတယ်။ ဒါပေမဲ့ သုံးနှစ်အကြာမှာတော့ ဂျူဂါရမ်ဟာ သူကျောင်းသားဘဝက ကစားခဲ့တဲ့ ဟန်ယန်း အားကစားအထက်တန်းကျောင်းရဲ့ ရက်ဘီအသင်းအတွက် စာချုပ်နည်းပြအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒီအထက်တန်းကျောင်း ရက်ဘီအသင်းကတော့ အားနည်းပြီး အမြဲရှုံးနိမ့်နေတဲ့ အသင်းတစ်သင်းပါ။ ဒါ့ကြောင့် ဂျူဂါရမ်ဟာ သူ့ရဲ့ပြိုင်ဘက်ကင်းတဲ့ ခေါင်းဆောင်မှုနဲ့ ထူးချွန်တဲ့ အရည်အချင်းတွေနဲ့အတူ အသင်းကို ဦးဆောင်ပြီး အောင်မြင်မှုဆီ တွန်းပို့ဖို့ ကြိုးစားပါတော့တယ်။ ဒါ့အပြင် ဂျူဂါရမ်ဟာ ဒီကျောင်းမှာပဲ သူ့ရဲ့ ၁၀ နှစ်ကြာ ချစ်သူဟောင်းဖြစ်တဲ့ သေနတ်ပစ်အားကစားနည်းပြ ဘယ်ရီဂျီ (Im Se-mi) ကို ပြန်လည်ဆုံတွေ့လိုက်ရတဲ့အခါမှာတော့ သူတို့နှစ်ဦးကြား ဘယ်လိုဇာတ်လမ်းတွေဆက်ဖြစ်လာမလဲ... ရက်ဘီအသင်းခေါင်းဆောင် ယွန်းဆောင်းဂျွန်း (Kim Yo-han) ဟာလည်း နည်းပြသစ်နဲ့ပူးပေါင်းပြီး အသင်းရဲ့အောင်မြင်မှုအတွက် ဘယ်လိုတွေ ကြိုးစားအားထုတ်သွားမလဲဆိုတာကို... အားကစားရဲ့စိတ်လှုပ်ရှားမှု၊ လူငယ်တွေရဲ့အိပ်မက်၊ အချစ်နဲ့ စိန်ခေါ်မှုတွေကို စိတ်ဓာတ်ခွန်အားပြည့်ဝစွာ ကြည့်ရှုသွားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hsu Pyae က ရေးသားထားပါတယ်) Episode - 12 Aired - Jul 25, 2025 - Aug 30, 2025 Aired On - Friday, Saturday Original Network - SBS Genre - Comedy, Drama Subtitle - Myanmar Subtitle (Hard Sub) Translated by - Eric, Toe Toe Aung, Hnin Wai Oo, Htoo Pyae, Lai Laii, May Thet, Pan Hsu, Phyu Phyu Thein & M Encoded by - Treasure Htet
အပိုင်းများ
12 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း