ဇာတ်ကားများ ရွေးရန်

Love, Take Two

2025ဇာတ်လမ်းတွဲအမှတ် 8.1/10

Love, Take Two (2025) Love, Take Two ရုပ်ရှင်ဇာတ်လမ်းတွဲလေးကို ဒါရိုက်တာ Yoo Je-won က ရိုက်ကူးပြီး၊ Yum Jung-ah နဲ့ Park Hae-joon တို့က အဓိက သရုပ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ် ဇာတ်လမ်း‌လေးက‌တော့ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ အိမ်ထောင်ကွဲအမျိုးသမီး Lee Ji-an နဲ့ ဆေးကျောင်းတက်နေတဲ့ သူမရဲ့သမီး Lee Hyo-ri တို့အကြောင်းကို အဓိကထား ရိုက်ကူးထားတာဖြစ်ပါတယ်။ Ji-an ဟာ အလုပ်ကြိုးစားပြီး စိတ်ဓာတ်ခိုင်မာတဲ့ တစ်ကိုယ်တော်မိခင်တစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သမီးနဲ့ စကားများပြီးနောက် မြို့ပြကနေ ကျေးလက်ဒေသကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူတို့ ကျေးလက်ကို ပြောင်းလာချိန်မှာ ပန်းခြံပိုင်ရှင်တစ်ဦးဖြစ်တဲ့ တစ်ကိုယ်တော်အဖေဖြစ်သူ Ryu Jeong-seok နဲ့ သူ့သား Ryu Bo-hyeon တို့နဲ့ ဆုံတွေ့ကြပါတယ်။ ဒါပေမဲ့ ပန်းခြံပိုင်ရှင် Ryu Jeong-seokက Ji-an ရဲ့ အချစ်ဦးဖြစ်နေတဲ့ အခါမှာတော့ Ji-an ဘဝကြီးက တစ်ဖန်ပြန်လည် လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းတွဲလေးကတော့ ရင့်ကျက်တဲ့လူကြီးတွေရဲ့ အချစ်ရေးနဲ့အတူ လူငယ်မျိုးဆက်တွေဖြစ်တဲ့ Ji-an ရဲ့သမီး Hyo-ri နဲ့ Jeong-seok ရဲ့သား Bo-hyeon တို့ကြားက ပေါက်ဖွားလာတဲ့ အချစ်ဇာတ်လမ်းကိုလည်း ပုံဖော်ရိုက်ကူးထားပါတယ်။ မိသားစုဆက်ဆံရေး၊ ဒုတိယအကြိမ်‌မြောက်အချစ်နဲ့ ဘဝအစသစ်တစ်ခုကို ဘယ်လိုပြန်စရမလဲဆိုတာတွေကို ရိုမန့်တစ် ဟာသ‌တွေနဲ့အတူ ရိုက်ကူးတင်ဆက်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါး အချစ်ဟာသ ဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်သူများ ကြည့်ရှုအားပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miriက ရေးသားထားပါတယ်) Episode - 12 Aired - Aug 4, 2025 - Sep 9, 2025 Aired On - Monday, Tuesday Original Network - TVN Genre - Comedy, Family Subtitle - Myanmar Subtitle (Hard Sub) Translated by - Miri, Hazelle, Theint, Khin Ni, Kyoun & Phyo Encoded by - Treasure Htet

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း