ဇာတ်ကားများ ရွေးရန်

Aema

2025ဇာတ်လမ်းတွဲအမှတ် 10.0/10

Aema (2025) အပိုင်းသစ် (1 မှ 6) စ/ဆုံး (18+ ဇာတ်ဝင်ခန်းများ ပါဝင်ပါသဖြင့် မိသားစုနှင့်အတူ ကြည့်ရှုရန် မသင့်တော်ပါ။) ဒီတစ်ခေါက်မှာတော့ Netflix ကနေ တစ်ရက်တည်းနဲ့ အစအဆုံး ၆ ပိုင်းလုံး ထွက်ရှိလာမယ့် Aema ဆိုတဲ့ Comedy, Drama အမျိုးအစားလေးဖြစ်တဲ့ ကိုရီးယား ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ The Fiery Priest နဲ့ One The Woman တို့ထဲက မင်းသမီးကြီး Lee Honey, Knock-Off ထဲမှ မင်းသမီး Bang Hyo Rin, Through the darkness ထဲမှ မင်းသားကြီး Jin Seon Kyu နဲ့  D.Pထဲမှ မင်းသား Cho Hyun Chul တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ဂျောင်ဟီးရန် (Lee Honey) ကတော့ 1980 ကာလတွေတုန်းက နာမည်ကြီး ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်ပေမဲ့ သူ့စိတ်ခံစားချက်တွေ မတရားခံရမှုတွေကို ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ တွန့်ဆုတ်မှုမရှိတဲ့ သူဖြစ်တယ်။ ပရိုဂျူဆာ ဂူဂျောင်းဟို (Jim Seon Kyu) ကတော့ ရုပ်ရှင်လောကမှာ နှစ်ရှည်လများရှိနေခဲ့တဲ့ ဆရာကြီးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့နောက်ဆုံးရုပ်ရှင် “Madame Aema” အတွက် ခေါင်းဆောင်မင်းသမီးအဖြစ် မင်းသမီးဂျောင်ဟီးရန်ကို လျာထားခဲ့တယ်။ ဒါပေမဲ့ ထိန်းချုပ်ရခက်ခဲတဲ့ ဟီးရန်ကြောင့် ပရိုဂျူတာ ဂူဂျောင်းဟိုက ဟီးရန်နေရာမှာ တခြားမင်းသမီးတစ်ယောက်နဲ့ လူစားထိုးဖို့အတွက် လူရွေးပွဲလုပ်ရာကနေ မင်းသမီးဖြစ်ဖို့ အိပ်မက်ရှိတဲ့  နိုက်ကလပ်အကသမားတစ်ယောက်ဖြစ်တဲ့ ရှင်းဂျူအယ် (Bang Hyo Rin) နဲ့ တွေ့ဆုံဖြစ်သွားခဲ့တယ်။ တစ်ဖက်မှာတော့ “Madame Aema” ကို ပုံဖော်ရိုက်ကူးမယ့်သူကတော့ တက်သစ်စ ဒါရိုက်တာ ဂွက်အင်ယူ (Cho Hyun Chul) ကနေပြီး လက်ရဲဇက်ရဲနိုင်တဲ့ မင်းသမီးကြီး၊ ထိပ်ဆုံးမှာအမြဲရောက်ဖို့ ကြိုးစားနေတဲ့ ပရိုဂျူဆာ၊ တက်သစ်စမင်းသမီး သူတို့သုံးယောက်ကြားမှာ ရုပ်ရှင်ကို ဘယ်လို ပုံဖော်ပြီး ရိုက်ကူးသွားမလဲဆိုတာ ဟာသလေးတွေနှောပြီး စိတ်အပန်းဖြေကြည့်လိုက်ကြပါဦးနော်။ Aired: Aug 22, 2025 Aired On: Friday Genres: Comedy, Drama Episodes: 6 Original Network: Netflix

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း