ဇာတ်ကားများ ရွေးရန်

Strongest Deliveryman

2017ဇာတ်လမ်းတွဲအမှတ် 6.9/10

Strongest Deliveryman (2017) အပိုင်း 1 မှ 16 စ/ဆုံး ဒီတစ်ခါမှာတော့ မင်းသား Go Kyung Pyo နဲ့ မင်းသမီး Chae Soo bin တို့အပြင် Kim Seon Ho, Go Won Hee တို့နှင့်အတူ တခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ Drama, Romance, Comedy ဇာတ်လမ်းတွဲကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း ချွဲဂန်ဆူ ( Go Kyung Pyo ) နဲ့ အီဒါနာ ( Chae Soo bin ) တို့ဟာ နှစ်ယောက်လုံး ပစ္စည်းပို့ပေးတဲ့ အလုပ်ကိုလုပ်ကြပြီး အခက်အခဲတွေကို ဖြတ်ကျော်နိုင်ဖို့ ရုန်းကန်လှုပ်ရှားနေကြရပါတယ်။ ဂန်ဆူက အကြောက်တရားမဲ့တဲ့သူဖြစ်ပြီး အလုပ်လုပ်တိုင်းလည်း အစွမ်းကုန် ကြိုးစားတဲ့သူဖြစ်ပါတယ်။ ဒါနာကတော့ သူမရဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ တခြားနိုင်ငံကိုထွက်မယ်လို့ ဆုံးဖြတ်ချက်ချထားပြီး ပိုက်ဆံရှာဖို့ အာရုံစိုက်ထားတဲ့သူ ဖြစ်ပါတယ်။ အီဒါနာက သူ့ဘဝတိုးတက်ဖို့ပဲ အာရုံစိုက်ထားလို့ အချစ်ရေးတွေအတွက် အချိန်မပေးနိုင်တဲ့သူပါ။ ဒါပေမဲ့ အလုပ်ကြိုးစားပြီး ရုပ်လည်းချောတဲ့ ချွဲဂန်ဆူနဲ့ တွေ့တဲ့အခါ သူမရဲ့ စိတ်တွေ ပြောင်းလဲလာခဲ့ပါတယ်။ ချွဲဂန်ဆူနဲ့ အီဒါနာဟာ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြိုင်နေကြရင်းနဲ့ ချစ်ခြင်းမေတ္တာစိတ်များ တဖြည်းဖြည်း သက်ဝင်လာခဲ့ကြပါတယ်။ နှစ်ယောက်သား ဘဝအတွက် ရင်ဆိုင်တိုက်ပွဲဝင်ကြရင်းနဲ့ အသန်မာဆုံးဖြစ်နေခြင်းက အောင်မြင်မှုအတွက် အာမမခံနိုင်ကြောင်း တဖြည်းဖြည်းနဲ့ သိလာရတဲ့အခါ… ဂန်ဆူကရော သူ့ဘဝရည်မှန်းချက် အောင်မြင်အောင် လုပ်နိုင်ပါ့မလား။ ဒါနာကရော တခြားနိုင်ငံကို ထွက်သွားနိုင်ပါ့မလား သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကရော ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အချစ်ရေးနဲ့ အောင်မြင်မှုအကြောင်းကို ဟာသလေးနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးမို့ ကြည့်ရှုပေးကြပါဦးနော်။ Episodes: 16 Aired: Aug 4, 2017 - Sep 23, 2017 Aired On: Friday, Saturday Original Network: KBS2 Duration: 52 min Genre: Drama Subtitle: Myanmar Subtitle (Hard Sub)

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း