ဇာတ်ကားများ ရွေးရန်

Giri/Haji

2019ဇာတ်လမ်းတွဲအမှတ် 7.4/10

Giri / Haji (2019) အပိုင်း 1 မှ 8 စ/ဆုံး ဒီဇာတ်လမ်းတွဲလေးကတော့ လန်ဒန် နဲ့ တိုကျို နှစ်နေရာမှာ ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို မှုခင်းဇာတ်လမ်းတွဲအမျိုးအစား ဖြစ်ပါတယ်။ စုံထောက်မိုရီဟာ သာမန်ဘဝနဲ့ နေထိုင်နေတဲ့ သာမန်ခင်ပွန်းသည် သာမန်စုံထောက်တစ်ယောက်ဖြစ်ပါတယ်။ ဒီလိုကနေ ယာကူဇာတွေ ခြေရှုပ်နေတဲ့ တိုကျိုမြေမှာ ပစ်ခတ်မှု တစ်ခု ဖြစ်ပွါးပြီးတဲ့တစ်ညမှာတော့ မိုရီရဲ့ ဘဝက ရုတ်တရက်ကြီး ရှုပ်ထွေးလာပါတော့တယ်။ လူသတ်မှု အခင်းဖြစ်တဲ့နေရာမှာ ရှိနေတဲ့ ဓာတ်ပုံတစ်ပုံကတော့ လန်ဒန်မြို့မှာ လူတစ်ယောက်အသတ်ခံရတဲ့ပုံ ဖြစ်နေခဲ့ပြီး တရားခံကတော့ သေဆုံးသွားပြီလို့ သိထားကြတဲ့ မိုရီရဲ့ ညီလေးလို့ သံသယဝင်လာကြပါတော့တယ်။ ဒီကိစ္စနဲ့ပဲ မိုရီဟာ ကိုယ့်မိသားစုအရှုပ်ကို ကိုယ်တိုင်ရှင်းရတဲ့သဘောနဲ့ ညီဖြစ်သူကို ရှာဖို့ လန်ဒန်ကို ရောက်လာခဲ့ပါတယ်။ တကယ်ပဲ မိုရီရဲ့ ညီလေးက အသက်ရှင်နေသေးတာလား။ ဒါဆိုရင် သူက တရားခံလား။ နောက်ကွယ်က ယာကူဇာတွေရဲ့ ဂိုဏ်းအရှုပ်အထွေးတွေက ဘာတွေရှိနေဦးမလဲ ဆိုတာကတော့ စုံထောက်မိုရီနဲ့အတူ Giri / Haji ဇာတ်လမ်းတွဲမှာ အတူတူအဖြေရှာလိုက်ရအောင်နော်။ Episode - 8 Quality - WEB-DL 1080p/ 720p Format - mp4 Genre - Crime, Drama Subtitle - Myanmar Subtitle (Hard Sub)

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း