ဇာတ်ကားများ ရွေးရန်

Mayasabha

2025ဇာတ်လမ်းတွဲ

Mayasabha S1 (2025) ကန့််လန်ကာနောက််ကွယ် ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့... (Political) ဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပာယ်ကို သေသေချာချာ သိသွားစေမယ့်။ လှည့်စားမှုရူးသွပ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ရှယ်လန်း စီးရီးကြီး တစ်ခုအကြောင်းပါပဲ။ ဘောလိဝုဒ်ဘက်က မဟုတ်ဘဲ တောင်ပိုင်းလောက (Telugu) ကနေ ထွက်လာပေမယ့် ဇာတ်လမ်းက အစစ်အမှန် ဘုရင်ကြီးနှစ်ပါး ရဲ့ ဘဝဇာတ်ကြောင်းကို ရဲရဲတင်းတင်း ပုံဖော်ထားတာမို့ စိိတ်ဝင်စားဖိို့ ကောင်းပါတယ် ဇာတ်လမ်းလေးကတော့ ပညာတတ်၊ စိတ်ဓာတ်ပြည့်ဝတဲ့ သူငယ်ချင်းနှစ်ယောက် — တစ်ယောက်က လယ်သမားသား၊ နောက်တစ်ယောက်က ဩဇာတိက္ကမရှိတဲ့ ခေါင်းဆောင်ရဲ့သား တို့အကြောင်းပါပဲ။ သူတို့နှစ်ဦးဟာ နိုင်ငံအတွက် အတူတူလက်တွဲပြီး ကောင်းရာကောင်းကျိုးလုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဒီလောကထဲကို ခြေစုံပစ်ဝင်ခဲ့ကြတယ်။ ဒါပေမဲ့ လောကကြီးက သူငယ်ချင်းဆိုတာထက် ရာထူးနဲ့ နေရာကိုပဲ သိတာကိုး။ တစ်ချိန်က ပခုံးချင်းယှဥ်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အာဏာထိပ်ခေါင်မှာ တစ်ယောက်ပဲ နေခွင့်ရှိတဲ့အခါ... မိုက်မိုက်ကန်းကန်းပဲ ပြိုင်ဘက်တွေ ဖြစ်သွားကြပါတော့တယ်။ ဘယ်သူက ဘယ်သူ့ကို သစ္စာဖောက်မလဲ? ဘယ်သူက ဉာဏ်များပြီး အာဏာရဲ့အရသာကို ပိုမြည်းစမ်းမလဲဆိုတာကို ပွဲကြမ်းကြီး ကြည့်ရမှာပါ။ ပြောချင်တာကတော့... အခွင့်အရေး နဲ့ ရာထူးဆိုတာ ဘယ်လောက်တန်ဖိုးရှိသလဲ၊ တစ်ချိန်က ခင်မင်မှုကြီးတွေ ဒီလို အဘက်ဘက်က ပြည့်စုံနေတဲ့၊ မျက်ရည်၊ ဒေါသ၊ ရူးသွပ်မှု၊ ဉာဏ်နီဉာဏ်နက်တွေ အကုန်လုံး ထည့်သွင်းထားတဲ့ မာယာပရိယာယ်အစုံနဲ့ စီးရီးကြီးကို ပရိသတ်ကြီးတို့ အဝခံစားနိုင်ဖို့ ကြိုးစားဘာသာပြန်တင်ဆက်ပေးလိုက်ပြီပဲ ဖြစ်ပါတယ်။ မကြည့်ရသေးရင် အမြန်ဆုံးသာ စပြေးကြည့်လိုက်ပါတော့ File Size – 800 MB (Appx;)@Episode Quality – 1080p WEB DL Duration –45minute (@Episode) Total Episodes:9Eps Subtitle – Myanmar Hardsub Format – Mp4 Genre : War & Politics, Drama

အပိုင်းများ

9 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း