Sentenced to Be a Hero
Sentenced to Be a Hero (2026) IMDB - 8.9/10, MyAnimeList - 8.5/10 2026 နှစ်ဦး Winter Season မှာတင် အမိုက်စား Anime တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။ စထွက်ထွက်လာချင်း အပိုင်း ၁ မှာ ၁ နာရီနီးပါး ကြာမြင့်တဲ့အပြင် Animation quality ကလည်း ရုပ်ရှင် Level နဲ့ ရှယ်ကြမ်းပြနေတာမို့ Rating ကောင်းတွေလည်း ရရှိထားပြီး နောက်ထပ် အပတ်စဉ်ထွက်လာမှာတွေကို စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်သွားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Holy Knight ဖြစ်တဲ့ သူရဲကောင်းတွေက နတ်ဆိုးဘုရင်တွေနဲ့ စစ်ဖြစ်နေကြတယ်။ အဲဒီမှာ သူရဲကောင်းတွေကြားထဲမှာ ပြစ်မှုကျူးလွန်တဲ့လူရှိတယ်ဆိုရင် သူတို့က ဆိုးရွားတဲ့ပြစ်ဒဏ်ကို ခံရလေ့ရှိတာပေါ့။ အဲဒါက ဘာလဲဆိုရင် ပြစ်ဒဏ်ကျ သူရဲကောင်းဆိုတဲ့ ဂုဏ်ဘွဲ့ရသွားပြီး နတ်ဆိုးဘုရင်စစ်တပ် ဖယ်ရီကောင်တွေနဲ့ တိုက်ခိုက်နေတဲ့ ရှေ့တန်းမှာ ဘယ်တော့မှ မသေနိုင်ပဲ ထပ်ခါတလဲလဲ တိုက်ပွဲဝင်နေရမှာပဲ ဖြစ်ပါတယ်။ မသေနိုင်ဘူးဆိုတာက သေသွားခဲ့ရင်လည်း အလောင်းပြန်ယူခံရပြီး အသက်ပြန်သွင်းပြီးတော့ ရှေ့တန်းမှာပဲ တိုက်ခိုက်ခိုင်းတဲ့ ဝဠ်ဒုက္ခအကြီးစားတစ်မျိုးပေါ့။ အဲဒီမှာ ဇိုင်းလို (Xylo) ဆိုတာ ပြစ်ဒဏ်ကျ သူရဲကောင်းတစ်ယောက်၊ သူနဲ့အတူတူ တိုက်ပွဲဝင်နေကြ ကူလီကူမာ ခိုးတတ်ဝှက်တတ် လက်ဆော့လေ့ရှိသူ ဒေါ့တာ (Dotta) လည်း ရှိသေးတယ်။ တစ်ရက်ကျ ဒေါ့တာက တိုက်ပွဲထဲကနေ ခေါင်းတလားကြီးတစ်ခု ခိုးလာခဲ့ရော အဲဒီမှာ ဖြစ်ချင်တော့ ပါလာတာက စခန်းတစ်ခုကို သွားပို့ပေးရမယ့် တာအိုရီတာ (Teoritta) ဆိုတဲ့ နတ်ဘုရားမ ဖြစ်လေပါရော။ ဒီမှာတင် ၃ ယောက်သား ကံစီမံရာအတိုင်း ပေါင်းဆုံမိသွားပြီး ဒုက္ခရောက်နေတဲ့ သူရဲကောင်းတပ်တွေကို ကယ်တင်ပေးရာကနေ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ နတ်ဘုရားမ တာအိုရီတာက တကယ်တမ်း ဘာဖြစ်နေမလဲ၊ ဇိုင်းလိုရဲ့ အတိတ်ကရော ဘာတွေလဲ စသဖြင့် စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့အတူ အမိုက်စား Animation တိုက်ခိုက်ခန်းတွေကြောင့် အပတ်စဉ် သေချာပေါက် စောင့်ကြည့်သွားရမယ့် Anime စီးရီးကောင်းတစ်ခုပဲ ဖြစ်ပါတယ်ဗျာ...။
အပိုင်းများ
12 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း