ဇာတ်ကားများ ရွေးရန်

Breaking Bad

2008ဇာတ်လမ်းတွဲအမှတ် 8.9/10

ဓာတုဗေဒကျောင်းဆရာ ဝေါလ်တာဝှိုက်က အဆုတ်ကင်ဆာ ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ သူမရှိတော့ရင် ဇနီးနဲ့ ကလေး ဘယ်လိုနေရမလဲဆိုတာ စဉ်းစားလာရပါတယ်။ အရင်က သူငယ်ချင်းတွေနဲ့ ကုမ္ပဏီတစ်ခု တည်ထောင်ဖူးပေမယ့် အဲဒီကထွက်ပြီး ကျောင်းဆရာလုပ်နေတဲ့ သူ့မှာ ကျွမ်းကျင်တဲ့ ဓာတုဗေဒပညာတော့ ရှိနေတယ်။ မိသားစုအတွက် ငွေချန်ထားနိုင်ဖို့ဆိုပြီး အဲဒီပညာကို မူးယစ်ဆေးထုတ်လုပ်တဲ့ဘက်မှာ အသုံးချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ တပည့်ဟောင်း ဂျက်ဆီ ပင့်ခ်မန်းနဲ့ ပူးပေါင်းပြီး ငွေရှာဖို့ စလိုက်ပေမယ့် နှစ်ယောက်သား မူးယစ်ဂိုဏ်းတွေနဲ့ ပတ်သက်လာတဲ့အခါ ပြဿနာတွေက ပိုရှုပ်လာတယ်။ သာမန်ကျောင်းဆရာ ဝေါလ်တာကနေ ဟိုင်ဇင်ဘတ်ဆိုတဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲလာပုံက ဒီစီးရီးရဲ့ အဓိကပါ။ Season ငါးခုတစ်လျှောက် ဝေါလ်တာနဲ့ ဂျက်ဆီကြားက ဆက်ဆံရေးရော၊ မိသားစုအတွက်ဆိုပြီး စခဲ့တဲ့ ဆုံးဖြတ်ချက်နောက်က အကျိုးဆက်တွေရော ဆက်ကြည့်ရပါတယ်။

အပိုင်းများ

62 အပိုင်း၊ season 5 season

ဇာတ်လမ်းအကြောင်း