Cat for Cash
ကြောင်ကလေးရဲ့ ချစ်သူ (၂၀၂၆) ကိုပထမတို့အတွဲရဲ့ "ကြောင်မုန်းတဲ့ ကောင်လေး" နဲ့ "ကြောင်စကား နားလည်တဲ့ အကြွေးတောင်းသူ" ကြားက ကြောင်နဲ့ကြွက်မဟုတ်တဲ့ ကြောင်နဲ့ကျားဇာတ်လမ်းလေးထွက်ရှိလာပါပြီ။ လင့်က စကားပြန်တစ်ယောက်ဖြစ်ပြီး ကြောင်ကိုသိပ်ဦးစားပေးလွန်းတဲ့အမေကိုရော၊ ကြောင်တွေကိုရော သိပ်ကြည့်မရတဲ့သူ။ ကံဆိုးချင်တော့ သူ့အမေ ဆုံးပါးသွားတဲ့အခါ အမွေအဖြစ် "ကြောင်ကဖေး" တစ်ခုနဲ့အတူ အကြွေးတွေပါ ပိုင်ဆိုင်လိုက်ရပါတယ်။ လင့်တစ်ယောက် ဆိုင်ကိုပိတ်၊ ကြောင်တွေကို စွန့်ပစ်ပြီး အကြွေးကိစ္စ ရှင်းဖို့ ကြံစည်နေတုန်းမှာပဲ… တိုက်ဂါးဆိုတဲ့ အကြွေးတောင်းတဲ့ကောင်လေး ရောက်လာပါတော့တယ်။ တိုက်ဂါးက အကြွေးတောင်းကြမ်းပေမဲ့ ကြောင်တွေနဲ့ဆို သူမတူအောင်နူးညံ့ပြီး cat slave အဖြစ်ခံယူထားတဲ့သူဖြစ်နေပြန်ပါရော။ ထူးခြားတာက တိုက်ဂါးမှာ ကြောင်တွေပြောတာကို လူစကားလို နားလည်နိုင်တဲ့အစွမ်းရှိနေတာပါပဲ။ ဒီလိုနဲ့ ကြောင်တွေကို သနားတဲ့ အကြွေးရှင် တိုက်ဂါးတစ်ယောက် အကြွေးဆပ်ဖို့ လိုနေတဲ့ ကြောင်မုန်းတီးသူ ကြောင်နဲ့ပတ်သက်ရင် ကကြီးရေကတောင် မသိတဲ့ လင့်ရဲ့ ဆိုင်မှာ ဝင်လုပ်ရင်း ကြောင်ကဖေးကို အတူတူ ဦးစီးကြမဲ့ ဇာတ်လမ်းလေး ဖြစ်လာပါတော့တယ်။ The Eclipse, Only Friends တို့မှာ အကြီးအကျယ် ဒရမ်မာခင်းခဲ့တဲ့ FirstKhao အတွဲကို ဒီကားမှာတော့ အူယားစရာ မထိတထိ အချစ်ပုံစံလေးတွေ၊ Tom & Jerry လိုပဲ မတည့်အတူနေရာကနေ ချစ်သွားမဲ့ ပုံစံမျိုးနဲ့ မြင်ရမှာဖြစ်လို့ ခုပဲ ရှုစားလိုက်ရအောင်ပါ။ Genre..... BL, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 600MB | 250MB Format… mp4 Duration…. 50 min Episodes..... 10 Episodes
အပိုင်းများ
10 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း