ဇာတ်ကားများ ရွေးရန်

Violet Evergarden

2018ဇာတ်လမ်းတွဲအမှတ် 8.5/10

Violet Evergarden (2018) IMDB - 8.4/10, MyAnimeList - 8.6/10 Kyoto Animation ကနေ အစွမ်းကုန် အားစိုက်ပေးထားတဲ့ Violet Evergarden ဇာတ်လမ်းတွဲဆိုတာက Anime လောကရဲ့အနုပညာလက်ရာတစ်ခုလို့ တင်စားလို့ရပြီးတော့ အင်မတန်လှပပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ စီးရီးတစ်ခုလည်း ဖြစ်ပါတယ်။ ကဗျာဆန်ဆန်ဆိုရရင် စစ်ပွဲတွေ အနိဠာရုံကြားထဲကနေမှ "ချစ်ခြင်းမေတ္တာ" သံယောဇဉ်ဆိုတဲ့ အဓိပ္ပာယ်ကို ရှာဖွေဖော်ထုတ်ရမယ့် Emotional ခရီးစဉ်လေးတစ်ပုဒ်ပေါ့။ ဇာတ်လမ်း ဇာတ်အိမ်ကတင် Emotional ဖြစ်စေရုံတင်မကပဲ ဇာတ်ဝင်ခန်းတိုင်းကလည်း ပန်းချီကားချပ်လေးတွေလို သဘာဝအလှအပတွေကို အသေးစိတ်ဖော်ကျူးပေးထားပါသေးတယ်။ ဒီဇာတ်လမ်းတွဲလေးက ဇာတ်လမ်းအနိမ့်အမြင့်အလိုက် အရမ်းကိုကောင်းမွန်တဲ့ နောက်ခံတေးဂီတလေးတွေရော ပါဝင်ပြီး နေ့စဉ်ဘဝကို တန်ဖိုးထားတတ်ဖို့ ခံစားတတ်ဖို့ သင်ကြားပေးပြီးတော့ စိတ်ကို နူးညံ့သွားစေမယ့် Healing Anime လေးဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းလေး ပြောရမယ်ဆိုရင်တော့ ဇာတ်လိုက်ဖြစ်တဲ့ Violet ဆိုတဲ့ကောင်မလေးဟာ လူမဆန်လွန်းတဲ့ ဘဝကို ခါးစည်းဖြတ်သန်းခဲ့ရသူပါ။ ငယ်စဉ်ကတည်းက စစ်တိုက်ဖို့ လက်နက်တစ်ခုအဖြစ်ပဲ လေ့ကျင့်ပေးထားခံရတဲ့ စက်ရုပ်သာသာ အသုံးချခံပါပဲ။ ဒါပေမဲ့ Major Gilbert ဆိုတဲ့လူဆီ တာဝန်ထမ်းဆောင်လိုက်ရတော့ Major ရဲ့ လူပီသစွာ ဆက်ဆံပေးမှု နွေးထွေးမှု လေ့ကျင့်မှုလေးတွေကြောင့် အားကိုးချစ်ခင်ရတဲ့လူအဖြစ် ရင်ထဲရောက်လာခဲ့တာပေါ့။ သို့ပေမဲ့လည်း ကံအကောင်းအကြောင်းမလှတဲ့အခါ စစ်ပွဲရဲ့ ရက်စက်မှုတွေကြား ကွဲကွာခဲ့ရပြီးတော့ ခွဲခွာရခါနီး Major က "မင်းကို ငါချစ်တယ်" လို့ ပြောသွားခဲ့ပါတယ်။ တစ်ဘဝလုံး စက်ရုပ်သာသာ စိတ်ခံစားချက်ဆိုတာ ရှိလည်းမရှိ သိလည်းမသိတဲ့ Violet အဖို့ ဒီစကားကို နားမလည်နိုင်ခဲ့ပါဘူး။ အဲဒီမှာတင် Major နဲ့ မိတ်ဆွေသူငယ်ချင်းဖြစ်သူက Violet ကို စစ်ပွဲကြီးလည်း ပြီးဆုံးသွားပြီ မင်းအနေနဲ့ လက်နက်ဖြစ်စရာမလိုတော့ဘူး ငါ့ဆီမှာ အလုပ်ဝင်ပါဆိုပြီး လူတွေရဲ့ကိုယ်စား ခံစားချက်တွေကို စကားလုံးတွေအဖြစ် ကူးပြောင်းပေးရတဲ့ Auto Memory Doll (ခေါ်) ကိုယ်စား စာရေးပေးသူတစ်ယောက် ဖြစ်လာပါရော။ ဆိုတော့ကား စိတ်ခံစားချက်တွေကို နားမလည်ရှာတဲ့ Violet တစ်ယောက် သူ့ Major ရဲ့ ချစ်တယ်ဆိုတဲ့စကားနောက်ကွယ်က အနက်အဓိပ္ပာယ်ကို နားလည်သက်ဝင်တာကြောင့် ချစ်ခြင်းမေတ္တာဆိုတာဘာလဲဆိုပြီး ဒီစာရေးပေးသူအလုပ်နဲ့အတူ ရှာပုံတော်ထွက်ဖို့ ဖြစ်လာတဲ့ ဇာတ်လမ်းရှည်လေးတစ်ပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ လူအမျိုးမျိုးရဲ့ဘဝဇာတ်ကြောင်းတွေနဲ့အတူ စက်ရုပ်သာသာ Violet တစ်ယောက် လူသားဆန်တဲ့ ခံစားချက်တွေကို ဘယ်လိုသင်ယူသွားမလဲဆိုတာကို မျက်ရည်ကျအောင် ဖမ်းစားနိုင်စွမ်းရှိတာမို့ ကျွန်တော့်လို မျက်ရည်လွယ်သူမျိုးဆို Tissue လေးပါ ဆောင်ထားရင်း ကြည့်ရှုခံစားဖို့ အကြံပေးလိုက်ပါရစေနော်...။

အပိုင်းများ

14 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 14 အပိုင်း

ဇာတ်လမ်းအကြောင်း