ဇာတ်ကားများ ရွေးရန်

Release that Witch

2026ဇာတ်လမ်းတွဲအမှတ် 8.0/10

"မင်းတို့က သူတို့ကို မိစ္ဆာတွေလို့ မြင်ကြပေမဲ့ ငါ့အတွက်တော့ သူတို့က ကမ္ဘာကြီးကို ပြောင်းလဲပေးမယ့် အင်ဂျင်နီယာတွေပဲ။" Fantasy, နိုင်ငံရေးအာဏာ၊ သိပ္ပံပညာနဲ့‌မှော်စွမ်းအားတို့ကို ထူးထူးခြားခြားပေါင်းစပ်ထားတဲ့ ဇာတ်လမ်း တစ်ပြဒ်ကို ပြပါဆိုရင် Release That Witch ကို မလွဲမသွေ ပြောရမယ်။ ဒီဇာတ်လမ်းဟာ အခြား isekai fantasy ဇာတ်လမ်းတွေလို မျက်စိပွင့်လောက်အောင် အက်ရှင်တွေကြီးပဲ မဟုတ်ဘဲ စဉ်းစားစရာတွေ၊ အတွေးအခေါ်တွေ၊ လူမှုအမြင်တွေပါ ထည့်သွင်းထားတဲ့ ထူးခြားတဲ့ story တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာတော့ Release that Witch ဟာ မူရင်း Web Novel နဲ့ Manhua (Comic) အနေနဲ့ အောင်မြင်မှု အကြီးအကျယ် ရရှိထားပြီးဖြစ်ပါတယ်။ Release that witchကို ကာတွန်းထွက်မယ်ဆိုကတည်းက တင်ဖို့စဉ်းစားထားတာပါ။ ဝတ္ထုတုန်းကလည်း အတော်ကိုနာမည်ကြီးခဲ့တဲ့အပြင် နာမည်ကြီးတာနဲ့လိုက်ဖက်သည်အထိ လက်ကမချဘဲဖတ်မိခဲ့တဲ့ဇာတ်လမ်းဆိုတော့ ကာတွန်းထွက်တော့ ဘာသာပြန်ချင်ခဲ့တာပါပါတယ်။ ဒီကာတွန်းကိုဘာသာပြန်တာမှာ နာမည်တွေကို မြန်မာဘာသာပြန်ဝတ္ထုထွက်ထားတဲ့ထဲမှာ သုံးနှုန်းထားတာနဲ့ အတတ်နိုင်ဆုံးတော့ အနီးစပ်ဆုံးတူအောင် သုံးပေးထားပါတယ်။ ဒါမှကာတွန်းမှာဇာတ်ရှိန်တက်လာရင် ဝတ္ထုသွားဖတ်လည်း ဆက်ဖတ်လို့ရနိုင်အောင်ပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းအစမှာ ခေတ်သစ်ကမ္ဘာက အင်ဂျင်နီယာတစ်ယောက်ဟာ မတော်တဆဖြစ်ပြီး အလယ်ခေတ်လို နိုင်ငံတစ်ခုရှိတဲ့ အခြားကမ္ဘာထဲကို ပြန်လည်မွေးဖွားသလို ရောက်သွားပါတယ်။ သူရောက်သွားတဲ့ခန္ဓာကိုယ်ကတော့ မင်းသားတစ်ပါးဖြစ်တဲ့ ရိုလန်ဖြစ်ပြီး၊ နိုင်ငံရေးပဋိပက္ခတွေနဲ့ ပြည့်နှက်နေတဲ့ မီးလိုးရောင်ရဲတိုက် နိုင်ငံရဲ့ အစွန်အဖျားမြို့လေးကို စီမံခန့်ခွဲရမယ့် အခြေအနေကို ရောက်ရှိသွားပါတယ်။ အဲ့ဒီကမ္ဘာမှာ “စုန်းမ” ဆိုတဲ့အမည်နဲ့ ခေါ်ကြတဲ့ မိန်းကလေးတွေကို လူတွေက ကြောက်ရွံ့ပြီး မကောင်းဆိုးဝါးတွေလို သတ်ဖြတ်ဖယ်ရှားနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရိုလန် ကတော့ အခြားသူတွေလို မမြင်ပါဘူး။ သူ့ရဲ့ ခေတ်မီအသိပညာဗဟုသုတနဲ့ အင်ဂျင်နီယာအမြင်ကြောင့် စုန်းမတွေရဲ့စွမ်းအားတွေဟာ အန္တရာယ်မဟုတ်ဘဲ အကျိုးရှိစေမယ့် စွမ်းအင်တစ်မျိုးဖြစ်နိုင်တယ်လို့ ယုံကြည်လာပါတယ်။ အဲ့ဒါကြောင့် စုန်းမတွေကို သတ်ဖြတ်မယ့်အစား ကာကွယ်ပေးပြီး သူတို့ရဲ့စွမ်းအားတွေကို သိပ္ပံနဲ့ ပေါင်းစပ်အသုံးချဖို့ စတင်ကြိုးစားလာပါတယ်။ ဒီလိုနဲ့ သေးငယ်တဲ့ နယ်စပ်မြို့လေးတစ်ခုဟာ တဖြည်းဖြည်း တိုးတက်လာပြီး နည်းပညာ၊ စီးပွားရေးနဲ့ စစ်အင်အားအပြင် လူမှုအမြင်တောင် ပြောင်းလဲလာတဲ့ မြို့တစ်မြို့အဖြစ် ပြောင်းလဲလာပါတော့တယ်။ ဒီဇာတ်လမ်း ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ဇာတ်ကောင်တွေတစ်ယောက်ချင်းစီရဲ့ အတွေးအခေါ်နဲ့ အကြောင်းပြချက်တွေကို သေချာပြထားတာပါပဲ။ စုန်းမတွေဟာ အန္တရာယ်ဖြစ်တဲ့သူတွေမဟုတ်ဘဲ နားလည်ပေးရမယ့် လူသားတွေဖြစ်ကြောင်းကို ဇာတ်လမ်းတစ်လျှောက်မှာ ပြသထားပါတယ်။ ရိုလန်ရဲ့ အမြင်၊ သိပ္ပံနဲ့ စီမံခန့်ခွဲမှုအတွေးတွေကလည်း fantasy ဇာတ်လမ်းထဲမှာတောင် အတော်လေး လက်တွေ့ကျတဲ့ အရသာတစ်ခု ပေးနိုင်ပါတယ်။ နိုင်ငံရေး အရှုပ်အထွေးတွေ၊ ဘုရားကျောင်းရဲ့ လျှို့ဝှက်ချက်တွေနဲ့ စုန်းမတွေရဲ့ ဘဝပေး ဒရာမာတွေက ဇာတ်လမ်းကို ပိုပြီး လေးနက်စေပါတယ်။ "အမှောင်ခေတ်ကို အဆုံးသတ်ဖို့အတွက် မှော်အတတ် မလိုဘူး၊ သိပ္ပံပညာနဲ့ လက်နက်ကောင်းကောင်းပဲ လိုတယ်" ဒါကြောင့် Release That Witch ဟာ မန္တန်စွမ်းအားတွေ၊ နိုင်ငံရေးအာဏာပွဲတွေ၊ နည်းပညာတိုးတက်မှုတွေကို တစ်ခါတည်း ပေါင်းစပ်ထားတဲ့ စိတ်လှုပ်ရှားစရာ fantasy ဇာတ်လမ်းတစ်ခုဖြစ်ပြီး ကာတွန်း ကြိုက်သူတွေ၊ world-building ကြီးတဲ့ story တွေကြိုက်သူတွေအတွက်တော့ မဖြစ်မနေ စမ်းကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ ပြောပါရစေ။

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း