ဇာတ်ကားများ ရွေးရန်

Finding the Last Note

2026ဇာတ်လမ်းတွဲ

"မေ့​လျော့​နေ​သော သံစဥ်​လေး"(၂၀၂၆) မိသားစုဆိုတာ ဘုရားက​​ပေးတဲ့ ​ကောင်းချီးတရားတစ်ခုပါ။ တစ်ခါတစ်​လေမှာ မိသားစုဆိုတဲ့အရင်းနှီးဆုံးလူ​တွေနဲ့ပတ်သက်ပြီး လစ်လပ်သွားတဲ့အခိုက်အတန့်​လေးတွ ဂရုစိုက်​ပေးဖို့လိုအပ်တဲ့ အချိန်​လေး​တွေ၊ အပြန်အလှန်နားလည်​မှု​တွေကို ​မေ့​လျော့သွားတဲ့အချိန်ဆိုတာမျိုးလည်း ရှိတတ်ပါတယ် ဒီဇာတ်ကား​လေးမှာ​တော့..."စင်"နဲ့ "ထစ်"တို့က သာမန်အလယ်အလတ်တန်းစား ဇနီး​မောင်နှံ​တွေဖြစ်ကြပြီး "ခင်မ်" နဲ့ "ခဲန်"ဆိုတဲ့ သား​နဲ့သမီး​လေးတစ်​ယောက်ရှိပါတယ်။မိသားစုထဲမှာ​တော့ အ​မေဖြစ်သူ "ထစ်"ဟာ အလုပ်အတည်တကျရှိတဲ့ ရုံးဝန်ထမ်းပါ။ဖခင်ဖြစ်သူ "စင်"ဟာလည်း အိမ်ရဲ့တာဝန်​​တွေအတွက် အလုပ်​တွေပတ်လုပ်ရင်း တစ်ဖက်မှာလည်း အနုပညာကိုလက်မလွှတ်နိုင်တာ​ကြောင့် အိမ်မှာဂီတာပြုပြင်ရင်း မိသားစုအသုံးစရိတ်ကိုရှာ​ဖွေ​ပေး​နေပြီး အိမ်ရဲ့​ဝေယျာဝစ္စ​တွေကို ကြည့်​ပေးရပါတယ်။ဒီ​တော့ အိမ်ရဲ့အဓိကဝင်​ငွေဟာ အ​မေဖြစ်သူအ​ပေါ်မူတည်​နေတာပါ။ ဒါ့အပြင် သူတို့မှာ အများနဲ့မတူဘဲ တမူထူးခြား​နေတဲ့​အော်တစ်စင်သမီး​လေး "ခင်မ်"နဲ့ အနုပညာကိုရူးသွပ်သူ အ​ဖေ့​သွေးပါတဲ့ သား​လေး "ခဲန်"လည်းရှိပါတယ်။ "ခင်မ်"ဟာ ​အော်တစ်ဆင်ပီပီ ထူးခြားတဲ့က​လေးဖြစ်တာ​ကြောင့် သူငယ်ချင်း​တွေရဲ့အနိုင်ကျင့်ခြင်းကို မကြာခဏခံရလို့ မိဘ​တွေအ​နေနဲ့အမြဲစိတ်ပူ​နေရပြီး မိသားစုထဲ ဦးစား​ပေးခံရတဲ့သူပါ။ သားဖြစ်သူ "ခဲန်"ဟာ အနုပညာကိုရူးသွပ်​ပေမဲ့ ​အ​ဖေဖြစ်သူဟာ သူ့ရဲ့ဘဝတစ်​ကွေ့မှာ အနုပညာနဲ့ပတ်သက်ပြီး​ ​အောင်မြင်မှုမရခဲ့တာ​ကြောင့် သားကိုဂီတာတီးမသင်​ပေးပါဘူး။ဒီ​တော့ ဒီကား​လေးမှာ​ရော မိသားစုဝင်တွေကြားမှာ ဖြစ်​လေ့ရှိတဲ့နားလည်မှု​တွေ အခက်ခဲဆုံးအ​ခြေ​နေ​တွေကို ဘယ်လို​ကျော်ဖြတ်သွားကြမလဲဆိုတာကို ​မိသားစု​တွေနဲ့အတူ အေး​အေးငြိမ့်ငြိမ့်​လေးနဲ့ကြည့်ရှုသင့်တဲ့ Thai Drama ​လေးဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်ရှင် File size…(850 Mb)/(420 Mb) Quality….Webrip 1080p / 720p Duration…. 00:55:15

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း