Daemons of the Shadow Realm
Daemons of the Shadow Realm (2026) နာမည်ကြီးဇာတ်လမ်းဖြစ်တဲ့ Fullmetal Alchemist ကို ဖန်တီးခဲ့သူ ဆရာမ Hiromu Arakawa ရဲ့ ဇာတ်လမ်းအသစ်ဟာ နောက်ဆုံးတော့ Anime အဖြစ် ထွက်ရှိလာခဲ့ပါပြီ။ ထုတ်လုပ်ပေးတဲ့ Studio Bones ဆိုတာလည်း အဲဒီ Fullmetal Alchemist Brotherhood နဲ့ My Hero Academia တို့လို အမိုက်စားတွေကို ဖန်တီးပေးခဲ့တဲ့ စတူဒီယိုပါ။ Manga ကလည်း အရှိန်ကောင်းကောင်းနဲ့ ဆက်ပြီး ဒိုးနေတုန်းပါပဲ။ ဇာတ်လမ်းလေးအကြောင်း ပြောရမယ်ဆိုရင်တော့ ငြိမ်းချမ်းပြီး ဝေးလံခေါင်ဖြားတဲ့ ရှေးခေတ် ရွာလေးတစ်ရွာမှာ နေ့/ည ခွဲပြီး ယောကျားလေးအကြီးနဲ့ မိန်းကလေးအငယ်ဆိုပြီး အမွှာလေးနှစ်ယောက် မွေးဖွားခဲ့ပါတယ်။ နာမည်ကတော့ Yuru နဲ့ Asa ပါတဲ့။ အရွယ်ရောက်လာကြတော့ Yuru က တောထဲတောင်ထဲ အမဲလိုက်သူအဖြစ် နေထိုင်ပြီး အငယ်ဖြစ်သူ Asa ကတော့ ရွာအောက်ထဲမှာ တံခါးသော့ပိတ်ခံထားရပြီး လိုအပ်တဲ့ လျှို့ဝှက်တာဝန်ကို ထမ်းဆောင်နေရတယ်လို့ ဆိုပါတယ်။ မိဘတွေကတော့ ငယ်စဉ်ကတည်းက ပစ်ထားသွားလို့ အဘွားဖြစ်သူနဲ့ နေနေကြတာပေါ့။ ဒီလိုနဲ့ တစ်ရက်မှာတော့ အေးချမ်းသာယာနေတဲ့ဘဝလေးထဲ ကြမ္မာဆိုးဝင်ပါတော့တယ်။ အဲဒါက ဘာလဲဆိုတော့ကား Yuru တို့ရွာထဲကို သူတို့တစ်ခါမှ မမြင်ဖူး မကြားဖူးတဲ့ ဟယ်လီကော်ပတာတွေရောက်လာပြီး အဆင့်မြင့် လက်နက်တွေနဲ့ရော ထူးဆန်းတဲ့မှော်ပညာတွေနဲ့ရော တစ်ရွာလုံးကို ရက်ရက်စက်စက် သတ်ဖြတ်ကြပြီး အကုန်လုံးကို အပျောက်ရှင်းဖို့ လုပ်တဲ့အခါမှာတော့ Yuru တစ်ယောက် သူသိထားတဲ့ သူနားလည်ထားတဲ့ ရွာအကြောင်း မိသားစုအကြောင်း ပြင်ပကမ္ဘာအကြောင်း အားလုံးဟာ အလိမ်အညာဖြစ်ပြီးတော့ အဖြစ်မှန်ကို ရှာဖွေဖော်ထုတ်ဖို့ စွန့်စားခန်း စတင်ခဲ့ရပါတော့တယ်….။
အပိုင်းများ
24 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း