ဇာတ်ကားများ ရွေးရန်

Your Dear Daddy

2026ဇာတ်လမ်းတွဲ

အကြင်နာကြွေး နှလုံးသားကို အကြွေးနဲ့သိမ်းမဲ့ ခပ်မိုက်မိုက်ဘီအယ်ကားသစ်လေး ထွက်ရှိလာပါပြီ "တစ်ညတာအချစ်ဆိုတာ မနက်မိုးလင်းရင် ပြီးသွားရမှာဆိုပေမဲ့ ကံကြမ္မာက 'အကြွေးရှင်' နဲ့ 'အကြွေးဆပ်ရသူ' အဖြစ် ထပ်ဆုံစေတဲ့အခါ..." ခပ်ကြမ်းကြမ်းနဲ့ ရင်ခုန်စရာ "Daddy" vibe ကားမျိုးကိုမှ သဘောကျတဲ့ ပရိသတ်ကြီးအတွက် ထိုင်းစီးရီးအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းလေးကတော့ ဆိုင်ထန်ဆိုတဲ့ ကောင်လေးဟာ အတိတ်က စိတ်ဒဏ်ရာတွေကြောင့် ဘယ်သူနဲ့မှ အချစ်ရေးမှာ အတည်တကျ မပတ်သက်ချင်သူပါ။ တစ်နေ့တော့ သူ ချင်းမိုင်ကို အလည်သွားရင်းနဲ့ ဖူဆန်းဒေါင် ခြံကြီးနဲ့ ဟိုတယ်ပိုင်ရှင် ဘောစိ သူဌေးကြီး ဆီလာနဲ့ ဆုံတွေ့ပါတော့တယ်။ သူတိုနှစ်ယောက်ဟာ ထူးဆန်းစွာပဲ တစ်ယောက်ကိုတစ်ယောက် ဆွဲဆောင်မိသွားပြီး ဘယ်တော့မှ ပြန်မဆုံကြတော့ဘူးဆိုတဲ့ အတွေးနဲ့ "တစ်ညတာ" အချစ်ကို ဖလှယ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ထင်သလို ဖြစ်မလာခဲ့ဘဲ ရက်အနည်းငယ်အကြာမှာ ဆိုင်ထန်တစ်ယောက် ဒေသခံ လူမိုက်တစ်ယောက်ရဲ့ ကလေးနဲ့ ကားအက်ဆီးဒင့်ဖြစ်ပါတော့တယ်။ အဲဒီပြဿနာကို ဘောစိကြီး စီလာကပဲ ဝင်ရှင်းပေးလိုက်ပြီး လျော်ကြေးတွေပါ အကုန်ရှင်းပေးလိုက်တဲ့အခါ... ဆိုင်ထန်ဟာ တစ်ညတာ အဖော်ဘဝကနေ စီလာကို အကြွေးဆပ်ရမဲ့သူအဖြစ် အလိုလို ပြောင်းလဲသွားပါတော့တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ချင်တဲ့ ဆိုင်ထန်လည်း သူ့မိသားစုကို အသိမပေးဘဲ အကြွေးဆပ်ဖိုအတွက် စီလာရဲ့ ခြံကြီးမှာ အလုပ်ဝင်လုပ်ဖို ဆုံးဖြတ်သလို တစ်ဖက်က စီလာဘက်ကတော့ သူ့အနားမှာ စကားပြောဖော်အဖြစ် ဆိုင်ထန် ရှိနေတာကို သဘောကျနေလာတဲ့အခါ… မတော်တဆမှုတစ်ခုကနေ စတင်ခဲ့တဲ့ အကြွေး... အဲဒီအကြွေးကို ခန္ဓာကိုယ်နဲ့ ဆပ်မလား၊ နှလုံးသားနဲ့ ဆပ်မလားဆိုတာကတော့…

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း