ဇာတ်ကားများ ရွေးရန်

Amadeus

2026ဇာတ်လမ်းတွဲအမှတ် 5.1/10

Amadeus (2026) ဒီ British Historical Drama ဟာဆိုရင် ၁၉၇၉ ခုနှစ်မှာ စတင်ဖျော်ဖြေခဲ့တဲ့ Peter Shaffer ရဲ့ ပြဇာတ်တစ်ပုဒ် ဖြစ်ပါတယ်။ ပြဇာတ်ကိုတော့ အလဇန္ဒားပွတ်ရှ်ကင်ရဲ့ “မိုးဇက်နဲ့ ဆာလီယေရီ”ဆိုတဲ့ ပြဇာတ်တိုကို မှီငြမ်းထားတာပါ။ ဒါကတော့ ပြဇာတ်ကို ဒုတိယအကြိမ်မြောက် ပြန်လည်အသက်သွင်းခြင်းဖြစ်ပါတယ်။ မိုးဇက်နေရာမှာ Will Sharpe နဲ့ ဆာလီယေရီနေရာမှာတော့ Paul Bettany တို့က သရုပ်ဆောင်ထားပါတယ်။ ၁၉၈၄ ခုနှစ်မှာတော့ အာမေဒီယပ်စ်ပြဇာတ်ကို ပထမဆုံးအကြိမ်အဖြစ် ရုပ်ရှင်ရိုက်ကူးခဲ့ဖူးပါတယ်။ ဇာတ်လမ်းကတော့ ရိုမန်ဧကရာဇ် ဂျိုးဆက် ၂ လက်ထက်မှာ ၂၅ နှစ်အရွယ် ဝုဖ်ဂန်း အာမေဒီယပ်စ် မိုးဇက်ဆိုတဲ့ ဂီတစာဆိုတစ်ဦးက ဗီယင်နာကိုရောက်လာခဲ့တယ်။ သူ့ရဲ့ ရည်မှန်းချက်က ဧကရာဇ်ရဲ့ ပြဇာတ်ရုံမှာ ကပြဖျော်ဖြေဖို့ပေါ့။ ဗီယင်နာမှာပဲ သူတစ်ချိန် လက်ထပ်ရမယ့် မိန်းကလေးကို တွေ့ဆုံခဲ့ပြီး သူ့ရဲ့ ရန်သူတော်ကြီး ဆာလီယေရီကိုလည်း တွေ့ခဲ့တယ်။ ရန်သူတော်လို့သာ ပြောရတာ သူကတော့ နန်းတွင်းဂီတစာဆို ဆာလီယေရီကို ပြိုင်ဘက်တစ်ယောက်ရယ်လို့ မထင်သလို၊ အောင်မြင်ပြီးသား အော်ပရာတွေကို ပြင်သစ်/ဂျာမန်/အီတလီ ဗားရှင်းအမျိုးမျိုးနဲ့ ပြန်ရေးနေရတဲ့ ဆာလီယေရီရဲ့ အော်ပရာတွေကိုလည်း ခေါင်းထဲတောင် မထည့်ပါဘူး။ သူ့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ သူရေးချင်တဲ့ အော်ပရာဇာတ်ကိုပဲ ရေးရင်း ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို ရခဲ့သလို ပရိသတ်တွေလည်း တိုးလာခဲ့တယ်။ ပြဿနာက ဆာလီယေရီပေါ့၊ သူက အသစ်အသစ်တွေ မဖန်တီးနိုင်တော့တဲ့အခါ နောက်ကတက်လာတဲ့ မိုးဇက်ကို ရန်သူတော်တစ်ပါးလို ဆက်ဆံလာခဲ့တယ်။ အပေါ်ယံတော့ ပြုံးပြုံး ပြုံးပြုံးနဲ့၊ ဧကရာဇ်ကို သူကပဲ မိုးဇက်တော်ကြောင်းတွေ ချီးမွမ်းပြီး နေရာပေးနေရသလိုလို၊ မိုးဇက်ကို အော်ပရာတွေ ဆက်လက်ဖျော်ဖြေခွင့်ရအောင် သူကပဲ အခွင့်အရေးတွေ ဖန်တီးပေးနေရသလိုလိုပေါ့။ ဒီလိုနဲ့ သူ့ရဲ့ မလိုမုန်းထားစိတ်တွေ၊ မနာလိုမှုတွေ အဆုံးစွန်ထိရောက်လာတဲ့တစ်နေ့ သူဟာ မိုးဇက်ကို သ-တ်ဖို့ အကွက်ချ စီစဉ်လာတော့တယ်။ သူတကယ်ပဲ မိုးဇက်ကို သ-တ်ခဲ့တာလား။ မိုးဇက်နဲ့ ဆာလီယေရီရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ။ ဒီအစီအစဉ်မှာ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေနဲ့ လိ-င်ပိုင်းဆိုင်ရာပြကွက်တွေ အတော်များများ ပါဝင်တဲ့အတွက် မိသားစုနဲ့အတူ ကြည့်ရှုရန်မသင့်ကြောင်း ပြောကြားလိုပါတယ်။

အပိုင်းများ

5 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း