Naruto
Naruto (2002) ၂၀၀၀ ခုနှစ်အကျော်ကာလရဲ့ နာမည်ကျော် Anime စီးရီးရှည်တွေဆိုရင် သေချာပေါက် One Piece, Naruto နဲ့ Bleach တို့ပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီထဲကမှ ကျွန်တော်တို့လို မြန်မာပြည်မှာ ကြီးပြင်းခဲ့ရတဲ့သူတွေအတွက်တော့ ကျန်တဲ့စီးရီးတွေထက် Naruto ကို အရင်ဆုံး မြည်းစမ်းခွင့်ရခဲ့ပါတယ်။ မြေခွေးမင်းသားဆိုပြီး ခွေအရှည်ကြီးတွေကို အင်္ဂလိပ်စာတန်းထိုး ပါလိုက် မပါလိုက်ဟာတွေ ကြည့်ခဲ့ရတာပေါ့ (ပါလည်း ငယ်သေးတော့ နားမလည်ပါဘူးရယ်) အရွယ်ရောက်လာတော့ Shippuden ကျမှ သေချာကြည့်နိုင်တော့တာပဲ။ ဒီတော့ ငယ်ဘဝအမှတ်တရတွေအနေနဲ့ရော Boruto ပဲ သိနေပြီး သူ့အဖေ Naruto ဆိုတာကို ဘာလဲမသိကြသေးတဲ့သူတွေရော ပြန်လည်ခံစားနိုင်အောင် တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ တစ်ခုရှိတာက Naruto နဲ့ Naruto Shippuden Anime စီးရီးဟာ One Piece လိုမဟုတ်ပဲ ပင်မဇာတ်လမ်းနဲ့ မသက်ဆိုင်တဲ့ Filler Episode တွေ အင်မတန် များတာပါပဲ ဘယ်လောက်တောင်များသလဲဆိုရင် စီးရီးတစ်ခုလုံးရဲ့ ၄၂ ရာခိုင်နှုန်းဆိုမှတော့ တစ်ဝက်နီးပါးက Filler တွေပဲ ဖြစ်ပါတယ်။ သို့ပေမဲ့ ဝမ်းသာစရာကောင်းတာကတော့ ကြည့်ရှုသူတွေ အရှိန်မပြတ်လေရအောင် ကျွန်တော်တို့က Filler တွေ ရှောင်ပြီး တင်ဆက်ပေးသွားမှာပါ။ Naruto က ဘာကြောင့်မိုက်ရသလဲဆိုတော့ကား ဖိုက်တင်ခန်းတွေက နင်ဂျာသိုင်းကွက်အစုံပလုံနဲ့ ဥာဏ်သုံး တိုက်ခိုက်ကြတာတွေတို့ နာမည်ကျော် အမိုက်စား ဗီလိန်တွေပါတာတို့ Ninjutsu တို့ ရေ မြေ လေ မီး ဓာတ်ကြီးစနစ်တို့ Chakra ဆိုတဲ့ အတွင်းအားစတိုင်တို့ စသဖြင့် အစုံအလင်ကြောင့်ပေါ့လေ။ ဇာတ်လမ်းအကြောင်းကတော့ အလွယ်ပြောရမယ်ဆို Konoha ဆိုတဲ့ နင်ဂျာရွာလေးက မိဘမဲ့ တေလေဆိုးပေ နင်ဂျာကောင်လေး Naruto ဟာ သူတို့လောကရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ရွာသူကြီးဘွဲ့ Hokage ဆိုတာကို တစ်နေ့မှာ ဖြစ်လာရမယ်ဆိုပြီး ရည်မှန်းချက်နဲ့ ဆရာတွေ သူငယ်ချင်းတွေနဲ့အတူတူ ရန်စွယ်အန္တရာယ်ပေါင်းစုံကို သုညကနေစလို့ ဆရာကြီး ဖြစ်လာတဲ့အထိ ဘယ်လိုမျိုးတွေ လေ့ကျင့်ကျော်ဖြတ် စွန့်စားခန်းတွေ ထွက်ကြမလဲဆိုတာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်...။
အပိုင်းများ
130 အပိုင်း၊ season 4 seasonဇာတ်လမ်းအကြောင်း