ဇာတ်ကားများ ရွေးရန်

The Prosecutor's Proposal

2026ဇာတ်လမ်းတွဲအမှတ် 8.9/10

The Prosecutor's Proposal (2026) အပိုင်း (၁ မှ ၁၀) စ/ဆုံး (စုစုပေါင်း ၁၀ ပိုင်း ရှိသည်ကို ၂ ပိုင်းကို တစ်ပိုင်းနှုန်းဖြင့် ပေါင်းပြီး တင်ဆက်ပေးထားပါတယ်ရှင်) ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် Mystery - Romance BL ကားသစ်လေး ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Cast တတွေအနေနဲ့ကတော့ BLANK2Y ရဲ့ အဖွဲ့ဝင်ဟောင်း Park Si Woo ၊ "I Am a Running Mate" ထဲမှ Yoon Do Gun တို့ အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ~ လွန်ခဲ့တဲ့ ၁၅ နှစ်က ဖြစ်ပွားခဲ့တဲ့ ကာစီနိုလောကရဲ့ အင်အားကြီး သူဌေးတစ်ဦး အသတ်ခံခဲ့ရတဲ့ အမှုကြောင့် လူငယ်လေး ၂ယောက်ရဲ့ ဘဝဟာ ငရဲလို ဘဝမျိုးထဲ ကျရောက်သွားပါတော့တယ်။ တစ်ယောက်က ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုကို ခံစားနေရတဲ့ "နစ်နာသူရဲ့သား" ဖြစ်လာခဲ့ပြီး နောက်တစ်ယောက်ကတော့ သူ့အဖေရဲ့ သွေးစွန်းနေတဲ့ လက်ကြောင့်ပဲ " လူသတ်သမားရဲ့သား" ဆိုပြီး အမည်းစက် ထင်သွားရပါတယ်။ နှစ်တွေကြာပြီးနောက်မှာတော့ ထို ၂ ယောက်ကို ကံကြမ္မာက အမှုစစ်နဲ့ စုံစမ်းစစ်ဆေးရေးမှူးအဖြစ်နဲ့ ပြန်လည်တွေ့ဆုံစေခဲ့ပါတော့တယ်။ မလွတ်မြောက်နိုင်တဲ့ သံသရာဝဲဂယက်ကြီးထဲမှာ ပိတ်မိနေကြတဲ့ သူတို့ ၂ ယောက်ဟာ ကော်ပိုရေးရှင်ကြီး တစ်ခုနဲ့ အမှုစစ်ရုံးအထိ ချိတ်ဆက်နေတဲ့ အကျင့်ပျက်ခြစားမှုကြီးကို ဖော်ထုတ်ဖို့ ကြိုးစားကြရင်း ရှုပ်ထွေးတဲ့အခြေအနေမှာ တစ်ယောက်အတွက် တစ်ယောက်က အားနည်းချက်ဖြစ်သလို ကယ်တင်ခြင်းလည်း ဖြစ်လာကြပြီး အမှုကို ဖြေရှင်းသွားနိုင်မလားဆိုတာကိုတော့..... လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နေတဲ့ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှုခံစားပေးပါဦးနော်။ Episodes: 10 Aired: Jun 26, 2026 Aired On: Thursday Original Network: Watcha Genres: Mystery, Romance , Drama

အပိုင်းများ

5 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း