ဇာတ်ကားများ ရွေးရန်

AI Girl

2026ဇာတ်လမ်းတွဲ

စက်ရုပ်မလေး မယ့်ချစ်သူ (၂၀၂၆) "အချစ်ဆိုတာ လူသားတွေကြားမှာပဲ ဖြစ်တည်နိုင်တာလား... ဒါမှမဟုတ် AI စက်ရုပ်လေးဆီကနေရော အချစ်ကို ရှာတွေ့နိုင်မလား..." GL ချစ်ပရိသတ်ကြီးအတွက် ဒီနေ့မှ ပူပူနွေးနွေး စတင်ထုတ်လွှင့်မယ့် ထိုင်း Rom-Com, Sci-Fi ဒရာမာလေးကို အက်မင် ညွှန်းပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းလေးရဲ့ အဓိကဇာတ်ကောင် ဂျန်ဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ နေတတ်ပေမဲ့ လူတောသိပ်မတိုးတတ်တဲ့ Introvert ကောင်မလေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့အိမ်ရှေ့ကို မထင်မှတ်ထားတဲ့ ပါဆယ်ထုတ်ကြီးတစ်ခု ရောက်လာပါတယ်။ ဖွင့်ကြည့်လိုက်တော့ အထဲမှာ လူသားတစ်ယောက်နဲ့ ခွဲခြားမရလောက်အောင် တူညီတဲ့ စက်ရုပ်မလေးတစ်ရုပ်... ပိုဆိုးတာက အဲဒီစက်ရုပ်မလေးက ဂျန် အမြဲအိပ်မက်ထဲက နတ်သမီးလေးပုံစံနဲ့ တစ်ထေရာတည်း ဖြစ်နေတာပါပဲ။ ပါဆယ်မှားလာတယ်ထင်ပြီး ပြန်ပို့ဖို့ ကြိုးစားရင်းနဲ့ ဂျန်တစ်ယောက် အမှတ်မထင် ခလုတ်တစ်ခုကို သွားနှိပ်မိလိုက်ရာကနေ... စက်ရုပ်မလေး မျက်လုံးပွင့်လာပြီး အသက်ဝင်လာပါတော့တယ်။ အဲဒီအချိန်ကစပြီး ဆွဲဆောင်မှုရှိပြီး အလိုလိုက်တတ်တဲ့၊ ရစ်တတ် ချွဲတတ်တဲ့ စက်ရုပ်မလေးနဲ့ ဂျန်တို့ရဲ့ ကမောက်ကမ ရင်ခုန်စရာ ဇာတ်လမ်းလေး စတင်ပါတော့တယ်။ ဂျန်တစ်ယောက် သူ့ရဲ့ စိတ်ကူးယဉ်ကောင်မလေးပုံစံ စက်ရုပ်မလေးကို ပြန်ပို့မရတာနဲ့ 'အိုင် (Ai)' လို့ နာမည်ပေးပြီး ဆက်ထားလိုက်တဲ့အခါ… လူသားကောင်မလေးနဲ့ AI စက်ရုပ်မလေးတို့ကြားက အချစ်ဇာတ်လမ်းလေး ဘယ်လို ဆက်ဖြစ်မလဲ။ နည်းပညာတွေကြားကနေ တကယ့် ခံစားချက် အစစ်အမှန်တွေ ပေါက်ဖွားလာနိုင်မလား ဆိုတာကို ရင်ခုန်စွာနဲ့ ရှုစားလိုက်ရအောင်ပါ။ Genre..... Sci-fi, Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 800MB| 300MB Format… mp4 Duration…. 50min Episodes....7 Episodes

အပိုင်းများ

7 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း