The Apartment Job
The Apartment Job (2026) အပိုင်းသစ် (1 မှ 12) စ/ဆုံး The Judge Returns နဲ့ အမြင့်ဆုံးကြည့်ရှုနှုန်း 13.6% အထိ စံချိန်တင်ခဲ့တဲ့ မင်းသား Ji Sung ကတော့ အခုတစ်ခါမှာလည်း ပရိသတ် အသည်းစွဲစေမဲ့ အမိုက်စား ဒရမ်မာသစ်လေးနဲ့ ပြန်လည်ရောက်ရှိလာပါပြီ။ Undercover Miss Hong ထဲက မင်းသမီး Ha Yoon-Kyung, Hyper Knife ထဲက မင်းသား Park Byung-Eun နဲ့ When Life Gives You Tangerines ထဲက မင်းသမီး Moon So-Ri တို့ကလည်း ပါဝင်အားဖြည့်ထားကြပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဘတ်ဟယ်ဂန်း (Ji Sung) ကတော့ အိုအေစစ်ဂိုဏ်းရဲ့ ခေါင်းဆောင်ဟောင်းဖြစ်ပြီး ဂန်နမ်မှာ ထိပ်တန်းအဆင့် VIP တွေအတွက် တရားမဝင် လောင်းကစားရုံကို ဖွင့်လှစ်ထားသူပါ။ ဒါပေမဲ့ ယုံကြည်ထားခဲ့တဲ့ ရဲအရာရှိရဲ့ သစ္စာဖောက်မှုကြောင့် လောင်းကစားရုံလည်း တစ်ရက် တစ်မနက်တွင်းချင်းမှာတင် ပြိုလဲသွားခဲ့ပြီး ဖခင်အရင်းလို လေးစားလိုက်နာခဲ့သူကပါ အဖမ်းခံလိုက်ရတာမို့ ဟယ်ဂန်းဟာ အခုချက်ချင်း ဝမ် ၁၀ ဘီလီယံ လိုအပ်နေတဲ့ အခြေအနေထဲ ကျရောက်သွားရပါတော့တယ်။ အဲဒီအချိန်မှာ ဟယ်ဂန်း မျက်စိကျမိသွားတာကတော့ True Value State တိုက်ခန်းရဲ့ ရေရှည်ပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေ ဝမ် ၁၇.၈ ဘီလီယံပါပဲ။ ပိုက်ဆံတွေကို အရယူဖို့အတွက် ဟယ်ဂန်းလည်း တိုက်ခန်းနေထိုင်သူများအသင်းရဲ့ ဥက္ကဌနေရာအတွက် ဝင်ရောက်ရွေးချယ်ခံဖို့ ဆုံးဖြတ်လိုက်တော့တာပေါ့။ ဒါပေမဲ့ သူ့ရဲ့ အစီအစဉ်တွေက ဆက်တိုက်ဆိုသလို ရှုပ်ထွေးလာပြီး မထင်မှတ်ဘဲ တိုက်ခန်းရဲ့ မသမာမှုတွေကို လိုက်လံဖြေရှင်းပေးဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့... ဟယ်ဂန်းတစ်ယောက် တိုက်ခန်းနေထိုင်သူတွေရဲ့ သူရဲကောင်းကြီးပဲ ဖြစ်လာမလား... နဂိုပန်းတိုင်အတိုင်း ငွေနောက်ပဲ ဆက်လိုက်မလားဆိုတာကိုတော့ အပတ်စဉ် စောင့်ကြည့်အားပေးကြပါဦးနော်။ Aired: Jul 11, 2026 - ? Aired On: Saturday, Sunday Genres: Thriller, Mystery, Comedy, Crime Episodes: 12 Original Network: JTBC
အပိုင်းများ
12 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း