Match Point
"ပြိုင်ဘက်ရဲ့နှလုံးသား"(၂၀၂၆) ဒီဇာတ်လမ်းလေးကတော့ တင်းနစ်ကွင်းထဲက ပြိုင်ဆိုင်မှုတစ်ခုက မိသားစုနှစ်ဖက်ရဲ့ အမုန်းတရားပါ ကျောင်းရဲ့ တင်းနစ်ကစားသမား ဆန်း နဲ့ အနုပညာလမ်းကြောင်းကို ရွေးချယ်ထားတဲ့ လွတ်လပ်ပေါ့ပါးတဲ့ကျောင်းသား ဘေး တို့ဟာ မိသားစုချင်း ရန်ဘက်တွေဖြစ်ကြပြီး၊ နှစ်ဖက်စလုံးက နာမည်ကြီး ဒင်ဆမ်းဆိုင်တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဘေး က ဆန်း ကို စနောက်ချင်လို့ တင်းနစ်ကစားသမား ရွေးချယ်တဲ့ပြိုင်ပွဲဝင်ခဲ့ရာကနေ ဆန်းတစ်ယောက်ဒဏ်ရာရပြီး ရှုံးနိမ့်သွားတာကြောင့် ကျောင်းအုပ်က ပြန်လည်ယှဉ်ပြိုင်ဖို့ အမိန့်ချခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူတို့ရဲ့ဖခင်နှစ်ယောက်က “ရှုံးတဲ့မိသားစုက ဒင်ဆမ်းဆိုင်ကို အပြီးပိတ်ရမယ်” ဆိုတဲ့ အလောင်းအစားကြီးကို သတ်မှတ်လိုက်ကြပါတယ်။ ဒါပေမယ့် ကံကြမ္မာက ဆန်း နဲ့ဘေးကို ရန်ဘက်အဖြစ်မဟုတ်ဘဲ ကျောင်းကိုယ်စားပြုအဖြစ် တွဲကစားရတဲ့ အခြေအနေကို ရောက်စေခဲ့ပြီး၊ ဒီလျှို့ဝှက်ချက်ကို ဖခင်နှစ်ယောက်မသိအောင် ဖုံးကွယ်ထားရပါတော့တယ်။ တင်းနစ်ကွင်းထဲက အနိုင်အရှုံး၊ မိသားစုအမုန်းတရားတွေကြားတဖြည်းဖြည်းပေါက်ဖွားလာတဲ့အချစ်ကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဒီဇာတ်လမ်းတွဲလေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်.....
အပိုင်းများ
10 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း