Your Third
"နှလုံးသားထဲက တတိယနေရာ" "သူဌေးရဲ့ ညီကို လိုက်ရှာရင်း... သူ့နှလုံးသားထဲမှာ လမ်းပျောက်သွားတဲ့အခါ..." ထိုင်း Drama စီးရီး ကောင်းကောင်းလေးတွေ မျှော်နေတဲ့ ပရိသတ်ကြီးအတွက် ဒီနေ့ပဲ ပူပူနွေးနွေး စတင်ထွက်ရှိလာတဲ့ စီးရီးသစ်လေး "Your Third" နဲ့ မိတ်ဆက်ပေးပါရစေ။ နာမည်ကြီး ဝတ္ထုရေးဆရာမ LAILA ရဲ့ "Your Third" ဆိုတဲ့ ဝတ္ထုကို အသက်သွင်းပြီး ပြန်လည်ရိုက်ကူးထားတဲ့ ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့... ဂျမ်က ထိပ်တန်းကော်ပိုရေးရှင်းကြီးတစ်ခုမှာ အာဏာရှိတဲ့ အမှုဆောင်အရာရှိ ဆစ်ရဲ့ ညာလက်ရုံးလူယုံတစ်ယောက်ပါ။ ဂျမ်ဟာ သူ့ရဲ့ ရာထူးတိုးတက်ရေးအတွက်ဆိုရင် ပေးအပ်တဲ့ အလုပ်တာဝန်တွေကို အစွမ်းကုန် ကြိုးစားပမ်းစား လုပ်ဆောင်တတ်သူပေါ့။ ဒီလိုနဲ့ သူ့အတွက် နောက်ဆုံးပေးအပ်ခံရတဲ့ အရေးကြီး တာဝန်တစ်ခုကတော့... လုံးဝကို အစအနဖျောက်ပြီး ပျောက်နေတဲ့ သူဌေးရဲ့ ညီဖြစ်သူ ဆမ်ကို လိုက်ရှာပြီး ပြန်ခေါ်လာဖို့ပါပဲ။ ဆမ်က သာမန်လူမဟုတ်ဘဲ အနုပညာဆန်ဆန်နဲ့ စိတ်ကောက်တတ်၊ ဒေါသထွက်တတ်တဲ့ အမွှေစိန်လေးပါ။ ပြဿနာက ဒီတာဝန်ကို ပြီးမြောက်ဖို့ ဂျမ့်မှာ အချိန် (၂) ပတ် တိတိပဲ ရပါတယ်။ ဆမ်ကို လိုက်ရှာဖို့ဆိုတာက ခက်ခဲလှပြီဆိုတဲ့အထဲ... သူ့သဘောဆန္ဒအလျောက် အိမ်ကို အသာတကြည် ပြန်လိုက်လာဖို့ဆိုတာကတော့ လုံးဝကို မဖြစ်နိုင်သလောက်ပါပဲ။ ဒီလိုနဲ့ အလုပ်အတွက် တာဝန်ကျေချင်တဲ့ ဂျမ်တစ်ယောက် သူ့ကို အခက်တွေ့အောင် မျိုးစုံလုပ်နေတဲ့ ဆမ်ကြောင့် စိတ်လွတ်တော့မဲ့ အခြေအနေတွေကို ရောက်လာတဲ့အခါ... ပြိုင်ဘက်ကင်း ညာလက်ရုံးကြီး ဂျမ်တစ်ယောက် သူဌေးညီ အမွှေစိန်လေးကို အချိန်မီ အိမ်ပြန်ခေါ်နိုင်မလား... ဒါမှမဟုတ် မထင်မှတ်ထားတဲ့ သံယောဇဉ်တွေကြားမှာပဲ တာဝန်နဲ့ အချစ် ဘယ်အရာကို ရွေးချယ်ရမလဲဆိုတာကို ရင်ခုန်စွာနဲ့ ရှုစားကြပါဦးစို့။
အပိုင်းများ
12 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း