ဇာတ်ကားများ ရွေးရန်

Cain and Abel

2009ဇာတ်လမ်းတွဲအမှတ် 8.8/10

Cain and Abel (2009) အပိုင်း ( ၁ မှ ၂၀) စ/ဆုံး "Cain and Abel" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၉ ခုနှစ်ထွက် နာမည်ကြီး ဆေးဘက်ဆိုင်ရာ/ အက်ရှင် ကိုရီးယားဒရာမာဇာတ်လမ်းတွဲဖြစ်ပြီး‌တော့ Agent Kim Reactivated မင်းသားကြီး So Ji-sub၊ မင်းသားကြီး Shin Hyun-joon၊ Behind Your Touch က မင်းသမီး Han Ji-min နဲ့ Chae Jung-an တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ။ ဒီဇာတ်လမ်းတွဲဟာ "Cain and Abel" ဆိုတဲ့ အာဒံနဲ့ ဧဝတို့ရဲ့ သားဦး နှစ်ယောက်အကြောင်း သမ္မာကျမ်းစာပါ ဇာတ်လမ်းကို အခြေခံထားတာဖြစ်ပြီး Abel အပေါ် Cain ရဲ့ မနာလိုဝန်တိုမှုကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ Lee Cho-in (So Ji-sub) ဟာ ပြည့်စုံပြီး ပါရမီပါတဲ့ ဆရာဝန်တစ်ဦး ဖြစ်ပါတယ် ။ အစ်ကိုဖြစ်သူ Seon-woo (Shin Hyun-joon) ကတော့ ညီဖြစ်သူ Cho-in ရရှိနေတဲ့ ဖခင်ရဲ့ ဂရုစိုက် ချစ်ခင်မှုတွေကို မနာလိုနေတဲ့သူပါ။ ဖခင်ဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာတွေ၊ ဆရာဝန်တစ်ဦးအနေနဲ့ အသိအမှတ်ပြုခံရမှုတွေနဲ့ သူချစ်ရတဲ့ အမျိုးသမီးကိုပါ လုယူသွားတာတွေကြောင့် သူ့ဘဝရဲ့ ကောင်းမွန်တဲ့အရာ အားလုံးကို လုယူသွားခဲ့တာလို့ Seon-woo က သတ်မှတ်ပြီး ညီဖြစ်သူ Cho-in အပေါ် အမုန်းကြီး မုန်းနေခဲ့ပါတယ် ။ ဒီဇာတ်ကားဟာ ညီအစ်ကို နှစ်ယောက်ကြားက ချစ်ခြင်း၊ မုန်းခြင်းနဲ့ လက်စားချေမှုတို့ကြား ဇာတ်လမ်း အလှည့်အပြောင်းပေါင်းများစွာနဲ့ ရိုက်ကူးထားတဲ့အတွက် ဇာတ်ရှိန်တက်တက်နဲ့ ကြည့်ရှုရမဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ အက်ရှင်၊ ဒရာမာနဲ့ သံယောဇဉ် အရှုပ်အထွေးတွေကို သဘောကျတဲ့သူတွေအ‌နေနဲ့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် ။ Episodes: 20 Aired: Feb 18, 2009 - Apr 23, 2009 Aired On: Wednesday, Thursday Original Network: SBS Genres: Action, Thriller, Medical, Drama

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း