ဇာတ်ကားများ ရွေးရန်

The Ordinary Jackpot

2026ဇာတ်လမ်းတွဲအမှတ် 8.2/10

The Ordinary Jackpot (2026) အပိုင်း (၁ မှ ၁၀) စ/ဆုံး "ထီ ပထမဆု ပေါက်သွားရင် အလုပ်ကနေ ချက်ချင်း ထွက်စာတင်ပစ်မယ်" ဆိုတဲ့ အတွေးမျိုး သင်ရော တွေးဖူးပါသလား? ​"The Ordinary Jackpot" ဇာတ်လမ်းထဲက ကုမ္ပဏီဝန်ထမ်း ဂုံအွန်းထယ် (Lee Joon-hyuk) ကတော့ အဲဒီလို မဟုတ်ပါဘူး။ ကံကောင်းစွာနဲ့ ဝမ် ၁.၃ ဘီလီယံ ထီ ပထမဆုကြီး ပေါက်သွားပေမဲ့ တစ်သက်လုံး အလုပ်ထွက်ပြီး ထိုင်စားဖို့ရာ နည်းနည်း မလုံလောက်သေးဘူးဆိုတဲ့ အတွေးနဲ့ ဘာမှမဖြစ်သလို ကုမ္ပဏီကို ပုံမှန်အတိုင်း အလုပ်ပြန်ဆင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ​ဒါပေမဲ့ အရင်ကလို အလုပ်ပြုတ်မှာကြောက်ပြီး ဖိနှိပ်ခံရသမျှ ငြိမ်ခံနေမယ့် ဝန်ထမ်းအဖြစ်တော့ မဟုတ်တော့ပါဘူး။ သူ့နောက်မှာ "ဝမ် ၁.၃ ဘီလီယံ" ဆိုတဲ့ ဘဏ်စာရင်း ရှိနေပြီမို့လို့ အထက်လူကြီးတွေကို မကြောက်မရွံ့ ပြန်စိန်ခေါ်ရင်း အလုပ်ခွင်ထဲမှာ လွတ်လွတ်လပ်လပ် သောင်းကျန်းပါတော့တယ်။ ​ထီပေါက်ပြီး အလုပ်မထွက်ဘဲ "ပြုတ်ရင်လည်း မငတ်ဘူး" ဆိုတဲ့ စိတ်နဲ့ ရုံးတက်နေတဲ့ ဝန်ထမ်းတစ်ယောက်ရဲ့ အရွဲ့တိုက် ရယ်စရာ ဇာတ်ကွက်တွေကို မင်းသား Lee Joon-hyuk အပြင် Seo Hyun-woo, Oh Dae-hwan တို့လို မင်းသားကြီးတွေရဲ့ ဆန်းသစ်တဲ့ သရုပ်ဆောင်မှုတွေနဲ့အတူ ပေါ့ပေါ့ပါးပါး စိတ်ထွက်ပေါက်အဖြစ် ရှုစားကြရမှာဖြစ်ပါတယ်။ ​ရုံးဝန်ထမ်းတိုင်း ရင်ထဲထိပြီး အကြိုက်တွေ့စေမယ့် ဇာတ်လမ်းလေးဖြစ်တာမို့ ဒီ Office Comedy Drama လေးကို အပတ်စဥ် ကြာသပတေးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ Episodes: 10 Aired: Sep 10, 2026 Aired On: Thursday Original Network: VING, tvN Genres: Drama, Fantasy

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း